DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် မြန်မာများ ဓားခုတ်ခံရမှု စုံစမ်းဖော်ထုတ်နေဟု ဦးဇော်ဌေးပြော
DVB
·
January 7, 2017
မလေးရှားတွင် မြန်မာများ ဓားခုတ်ခံရမှု စုံစမ်းဖော်ထုတ်နေဟု ဦးဇော်ဌေးပြော
Donate to DVB

မလေးရှားနိုင်ငံက မြန်မာအလုပ်သမားအချို့ ဓားနဲ့ဝိုင်းခုတ်ခံရလို့ ၅ ဦး သေဆုံးတာနဲ့ပက်သက်ပြီး မြန်မာသံရုံးက စုံစမ်းဖော်ထုတ်နေသလို အစိုးရအနေနဲ့လည်း မြန်မာအလုပ်သမားတွေ လုံခြုံရေးအတွက် ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီဗွီဘီကိုပြောပါတယ်။

“မလေးရှားမှာရှိတဲ့ မြန်မာအသိုင်းအ၀ိုင်း၊ မြန်မာနိုင်ငံသားတွေ သူတို့ရဲ့အကာကွယ်လုံခြုံမှုနဲ့ပတ်သက်ပြီးတော့ သံရုံးနဲ့ သက်ဆိုင်ရာ မလေးရှားအစိုးရကို အမြန်ဆုံးပြောဆိုညှိနှိုင်းပြီး ဆောင်ရွက်ရွက်ဖို့၊ သူတို့ရဲ့ လုံခြုံမှုအတွက် ပိုပြီးတော့ ဂရုစိုက်ဖို့၊ အထူးသဖြင့် မလေးရှားမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံမှု စိုးရိမ်စရာအနေထားဖြစ်လာတယ်၊ ဖြစ်လာလို့ မလေးရှားကို နောက်ထပ်အလုပ်သမားတွေ သွားရောက်ခွင့် ယာယီအားဖြင့် ဆိုင်းငံ့ထားတာတွေ ရှိပါတယ်။”

ဇန်နဝါရီလ ၅ ရက်နေ့ ညက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့အနီးက ဆီလန်ဂေါပြည်နယ်၊ စာဒန်းမြို့မှာ မြန်မာအလုပ်သမား ၁၆ ဦးကို အမည်မသိလူ ၄ ဦးက ဓားနဲ့ဝိုင်းခုတ်ခဲ့တဲ့အတွက်ကြောင့် ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာလုပ်သားဦးရေ ငါးသိန်းဝန်းကျင်လောက် သွားရောက်လုပ်ကိုင်နေကြပြီး မြန်မာလုပ်သားအများစုဟာ စက်ရုံလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့ညက အလုပ်ကအပြန် ဓားတွေနဲ့ ဝိုင်းခုတ်ခံခဲ့ရတဲ့ မြန်မာအလုပ်သားတွေဟာလည်း ဆာဒန်းမြို့ အီလက်ထရွန်နစ်စက်ရုံက အလုပ်သမားတွေဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013