DVB Logo
Home
မြန်မာသတင်း
မျိုးနွယ်စုများအပေါ်ခွဲခြားဆက်ဆံမှု ရပ်တန့်ပေးရန် ဒိုင်းနက်မျိုးနွယ်စုများ တောင်းဆို
DVB
·
January 7, 2017
မျိုးနွယ်စုများအပေါ်ခွဲခြားဆက်ဆံမှု ရပ်တန့်ပေးရန် ဒိုင်းနက်မျိုးနွယ်စုများ တောင်းဆို
1 / 7
Donate to DVB

မျိုးနွယ်စုတွေအပေါ် ခွဲခြားဆက်ဆံနေမှုအချို့ကို ရပ်ပေးဖို့နဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေအချင်းချင်း ချစ်ကြည် ရင်းနှီးအောင် ဆောင်ရွက်ပေးဖို့  ဒိုင်းနက်မျိုးနွယ်စုတွေက တာင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်နယ်၊ မင်းပြားမြို့နယ် ဇန်န၀ါရီ ၇ ရက်နေ့က လမ္မာဇီးကုန်းကျေးရွာမှာ ကျင်းပနေတဲ့ ဒိုင်းနက်(ခေါ်)သက္ကမ အမျိုးသားနေ့မှာ တက်ရောက်လာတဲ့ ဒိုင်းနက်မျိုးနွယ်စုတွေက အခုလို တောင်းလိုက်တာပါ။

လူမျိုးခြားတွေရဲ့ အလယ်မှာ ကိုယ့်ဘာသာစကားပြောရင် အနှိမ်ခံတာမျိုးရှိနေတယ်လို့ ဒိုင်းနက်(ခေါ်)သက္ကမ အမျိုးသားနေ့ ကျင်းပရေးကော်မတီဝင် အရှင်ဇောတိပါလက ဒီဗွီဘီကို မိန့်ပါတယ်။

“ဒိုင်းနက်သက္ကမလူမျိုးဆိုတာ ရခိုင်ဘုရင်မင်းဆက်ဆက်ကတည်းက တည်ရှိခဲ့တာပါ။ ဘာသာစကားကပါဋ္ဌိ ဘာသာစကားပေါ့လေ။ ဒေသခံတွေရဲ့ ဘာသားစကားနဲ့ကျတော့ မတူညီဘူးပေါ့။ ဥပမာ ဦးဇင်းတို့ လူမျိုး သုံးလေးယောက်က လူမျိုးခြားဖြစ်တဲ့ကြားထဲသွားရင် ကိုယ့်ဘာသာစကားပြောရင် အနှိမ့်ခံရတာမျိုး၊ သူတို့က နားမလည်ဘူးလေ။ နားမလည်တဲ့အခါကျတော့။ ဟာ ဘာစကားပြောတာလဲ၊ လူစကား ပြောပါလား၊ အဲလိုမျိုးတွေ ပေါ့လေ။ ဟိုတုန်းက အဲလိုဖြစ်ခဲ့တဲ့အတွက် ကိုယ့်ဘာသာစကားကိုတောင် မပြောကြတော့ဘူး။ ပျောက်ကွယ်လုနီးပါးဖြစ်လာတယ်ပေါ့။ ဒါပေမယ့် အခု နောက်ပိုင်း အဲလိုပြောဆိုတာတွေ နည်းပါးသွားပြီးလို့ ထင်တယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ တိုင်းရင်းသားမျိုးစု ၇ မျိုးရှိပြီး လုမျိုးစုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ အချို့ရှိနေတာကြောင့် ဒါကို နိုင်ငံတော်အစိုးရအနေနဲ့ ရင်းရင်းနှီးနှီးချစ်ချစ်ခင်ဖြစ်အောင် ဆောင်ရွက်ပေးဖို့ လိုသလို့ တိုင်းရင်းသားတွေကလည်း မျိုးနွယ်စုတွေအပေါ် လက်တွဲခေါ်သွားဖို့ လိုတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံထဲမှာ တိုင်းရင်းလူမျိုး ၁၃၅ မျိုးထဲမှာ ဒိုင်းနက်(ခေါ်) သက္ကမ မျိုးနွယ်စုရှိတယ်ဆိုတဲ့ နိုင်ငံတော်အဆင့်အနေနဲ့ရော တိုင်းရင်းသားတွေ ပိုမို့သိရှိလာဖို့ ရည်ရွယ်ကျင်းပရတာလို့ အရှင်ဇောတိပါလက ဆက်လက် မိန့်ပါတယ်။

“စာပေယဉ်ကျေးမှုတွေ တိမ်ကော့နေတယ်။ ဦးဇင်းတို့ လူမျိုးအတိုင်းအတာအနေနဲ့လည်း နည်းပါးလာတယ်။ စာပေးနဲ့ယဉ်ကျေးမှုတွေ ပြန်လည်အသက်ဝင်လာအောင် ကျင်းပရတာပါ။ ဒါကို ထိန်းသိမ်းချင်တဲ့ ပုံစံမျိုး ကျင်းပရတာပေါ့။ မြန်မာနိုင်ငံထဲမှာ တိုင်းရင်းလူမျိုး ၁၃၅ မျိုးထဲမှာ ဒိုင်းနက် (ခေါ်) သက္ကမမျိုးနွယ်စု ရှိပါလားဆိုတဲ့ အခန်းကဏ္ဍအနေနဲ့ နိုင်ငံတော်ပိုင်းကရော တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေရော သိအောင်လို့ အဲဒီလို ရည်ရွယ်ချက်မျိုးနဲ့ ကျင်းပရတာပါ။”

ရခိုင်မျိုးနွယ်စုဖြစ်တဲ့ ဒိုင်းနက် (ခေါ်) သက္ကမမျိုးနွယ်စုတွေရဲ့ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတွေကို နိုင်ငံတော်အဆင့် သိရှိဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆရာတော်က ဒီဗွီဘီကို မိန့်ပါတယ်။

ရခိုင်ပြည်နယ်အထဲမှာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ဒိုင်းနက်(ခေါ်)သက္ကမမျိုးနွယ်စုဝင် လူဦးရေ ၄ သောင်းကနေ ၅ သောင်း အထိရှိပြီး ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြားမြို့နယ် တွေမှာ နေထိုင်ကြပါတယ်။

ဒီကနေ့ ကျင်းပခဲ့တဲ့ ဒိုင်းနက် (ခေါ်) သက္ကမအမျိုးသားနေ့မှာ လူပေါင်း ၁၀၀၀ လောက် တက်ရောက်နေကြပြီး ဒိုင်းနက် (ခေါ်) သက္ကမအမျိုးသားနေ့ကို ၂၀၁၂ ဇန်နဝါရီ ၇ ရက်က စလို့ စတင်ကျင်းပခဲ့တယ်လို့သိရပါတယ်။

သတင်၊ဓာတ်ပုံ-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013