DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ဖြင့် မြန်မာ့ခရီးသွားလုပ်ငန်း မြှင့်တင်မည်
DVB
·
January 7, 2017
ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ဖြင့် မြန်မာ့ခရီးသွားလုပ်ငန်း မြှင့်တင်မည်
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကိုအသုံးပြုပြီး မြန်မာ့ခရီးသွားလုပ်ငန်းကို ပုံစံသစ်နဲ့မြှင့်တင်သွားမယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကပြောပါတယ်။
လက်ရှိအချိန်ဟာ မြန်မာနိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကမ္ဘာတဝှမ်းက အာရုံစိုက်နေချိန်ဖြစ်ပါတယ်။
အဲဒီအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကိုအသုံးပြီး Brand Name အသစ်နဲ့ နိုင်ငံတကာကခရီးသွားတွေကိုဆွဲဆောင်ဖို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး  အစီအစဉ်တွေ ရေးဆွဲနေတယ်လို့ ဇန်နဝါရီ ၆ ရက်နေ့က ရန်ကုန်မြို့မှာပြုလုပ်တဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး စကားဝိုင်းပြီးမှာ ခရီးသွားလုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဇာနည်ထွေးက ပြောဆိုလိုက်ပါတယ်။

“နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်က နိုင်ငံတကာမှာ ရှိပြီးသား။ သူ့ကိုသာ လူတိုင်းသိတယ်။ မြန်မာပြည်လို့ပြောရင် သိချင်မှ သိကြမှာ။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် လူတိုင်းက သိတာပေါ့နော်။ အဲဒီအခြေအနေပေါ်မှာ ဒါကိုကျနော်တို့က အခွင့်ကောင်းယူပြီးတော့မှ ဒီထက်ပိုပြီးတော့မှာ မြန်မာဆိုတဲ့ နာမည်တခု ကမ္ဘာ့ဈေးကွက်မှာ ရပ်တည်နိုင်အောင်လို့ ကျနော်တို့ ဘယ်လိုမျိုး ထိုးဖောက်ကြမလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူငယ်တွေအားလုံးကို ဖိတ်ခေါ်ပြီးတော့မှ ကျင်းပရခြင်းဖြစ်ပါတယ်။”
အရင်က မြန်မာ့ခရီးသွားလုပ်ငန်းဟာ နိုင်ငံအတွင်း ရှေးဟောင်းစေတီပုထိုးတွေရဲ့ ပုံရိပ်တခုတည်းကိုပြပြီး ခရီးသည်တွေကို ဆွဲဆောင်ခဲ့ရတာပါ။
အခုအစိုးရသစ်လက်ထက်မှာတော့ အရင်အစိုးရ အဆက်ဆက်က အားနည်းချက်တွေကို ပြု ပြင်နိုင်တော့မှာ ဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်း ပိုမိုတွင်ကျယ်လာဖို့ရှိနေပါတယ်။
“ကျနော်က အားနည်းချက်တွေ ဘယ်တော့မှ သိပ်မကြည့်ဘူး။ အားသာချက်ပဲကြည့်တယ်။ ဘာလုပ်ချင်တယ်၊ ဘာညာဆိုတဲ့အတွက် ကိုယ်ဘာလုပ် ပေးနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ဆွေးနွေးကြမှာဖြစ်တယ်။ အခု ကျနော်တို့က ဘာလုပ်ပေးနိုင်သလဲ၊ မြန်မာပြည်ကြီးကို ဘာလုပ်ပေးနိုင်သလဲ အဲဒီအပေါ်မှာပဲ ကျနော်တို့က ဆွေးနွေးကြမှာ ဖြစ်ပါတယ်။” လို့ ဦးဇာနည်ထွေးက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာမှာသွားလာလည်ပတ်ဖို့ အကောင်းဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းမှာ ပါဝင်ခဲ့ပြီး နိုင်ငံတကာခရီးသွား ၆ သန်းနီးပါး ဝင်ရောက်ခဲ့တယ်လို့ ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့စာရင်းတွေ အရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013