DVB Logo
Home
မြန်မာသတင်း
ဦးမျိုးရန်နောင်သိန်း အတွက် အာမခံလျှောက်ထားမှု ပယ်ဖျက်ခံရ
DVB
·
January 7, 2017
ဦးမျိုးရန်နောင်သိန်း အတွက် အာမခံလျှောက်ထားမှု ပယ်ဖျက်ခံရ
Donate to DVB

ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆(ယ)နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးမျိုးရန်နောင်သိန်းအတွက် အာမခံလျှောက်ထားမှုကို ပယ်ဖျက်ခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဝေဖန်ပုတ်ခတ် ရေးသားခဲ့တဲ့အတွက် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးမျိုးရန်နောင်သိန်းရဲ့ အမှုတွဲကို ဇန်နဝါရီလ ၆ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ် မြို့နယ်တရားရုံးမှာ တရားလိုပြသက်သေ ၂ နှစ်ဦးကို စစ်ဆေးခဲ့ပြီးတော့ အာမခံ လျှောက်ထားမှုကို ပယ်ဖျက်တဲ့ ကြားဖြတ်အမိန့်ကိုချမှတ်ခဲ့တာပါ။

“အမှုကို တရားစွဲဆိုရင် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုချက်။ အဲဒီကြိုတင်ခွင့်ပြုချက်ကို ကြည့်လိုက်တဲ့အခါမှာ သူက အကြောင်းကြားတဲ့စာ သေချာကိုရေး ထားတာ။ ဒါကို ကျနော်တို့က အကြောင်းကြားစာအပြင် ကြိုတင်ခွင့်ပြုချက် ထပ်တောင်းဖို့ ဒါပေမယ့် တရားရုံးက လက်မခံဘူး။ ဒါကတော့ ကြိုတင်ခွင့်ပြုချက်ဖြစ်တယ်လို့ပဲ ယူဆတယ်ပေါ့။ ယူဆပြီးတော့ ကျနော်တို့ဟာကို ပယ်လိုက်တယ်” လို့ ဦးမျိုးရန်နောင်သိန်းရဲ့ အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။

ဇန်န၀ါရီ ၆ ရက်နေ့ရုံးချိန်းမှာတော့ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ရဲ့ နာယကဖြစ်တဲ့ သူရဦးတင်ဦး လာရောက်ခဲ့ပါတယ်။

အာမခံလျှောက်ထားမှုကို အဆင့်ဆင့်ပယ်ဖျက်တဲ့အတွက် ထပ်မံလျှောက်ထားမှုကို ဆက်လက်ပြုလုပ်တော့မှာ မဟုတ်ဘဲ အမှုကို အမြန်ဆုံးပြီးအောင် စစ်ဆေးသွားမယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။

“တရားသူကြီး အမိန့်မှာ အဲဒီအမှုဟာ အာမခံပေးလို့မရတဲ့ အမှုဖြစ်တယ်လို့ သူက အမိန့်ချထားပြီး ဖြစ်တဲ့အတွက် ဆက်လျှောက်လို့လည်းရမှာမဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့က အမှုကို မြန်မြန်ပြီးသွားအောင် စစ်သွားမယ်” လို့ ဦးကျော်ဟိုးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာရှိတဲ့ နယ်စပ်လုံခြုံရေး ကင်းစခန်းသုံးခု အကြမ်းဖက်တိုက်ခိုက်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ပတ်သတ်ပြီး တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြစ်တဲ့အတွက် တာဝန်ကနေနုတ်ထွက်ပေးဖို့ ဦးမျိုးရန်နောင်သိန်းက သူ့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဝေဖန်ရေးသားခဲပါတယ်။

အဲဒီအတွက် ဦးမျိုးရန်နောင်သိမ်းကို တပ်မတော် ကာကွယ်ရေးဦးစီးဌာနချုပ်နဲ့ တပ်မတော်ကို အသရေဖျက်တယ်လို့ ယူဆပြီး တရားစွဲဆိုခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013