DVB Logo
Home
မြန်မာသတင်း
မောင်တောဒေသခံလူငယ်များကို အသက်မွေးဝမ်းကျောင်းသင်တန်းပေးနေ
DVB
·
January 7, 2017
မောင်တောဒေသခံလူငယ်များကို အသက်မွေးဝမ်းကျောင်းသင်တန်းပေးနေ
1 / 4
Donate to DVB

ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲမှာ ဒေသခံတိုင်းရင်းသား လူငယ်တွေ နေရပ်စွန့်ခွာမှု လျှော့ချနိုင်အောင်နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိနိုင်စေဖို့ အစိုးရက ကျွမ်းကျင်မှုသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

လူစွမ်းအား အရင်းအမြစ်တွေလျော့နည်းလာနေတာကို လျှော့ချနိုင်ဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေဖို့ရည်ရွယ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်း ပညာသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေတာပါ။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မောင်တောခရိုင်မှူး ဦးစောဝေက “တဖြည်းဖြည်းနဲ့ လူဦးရေက နည်းလာတာက တကြောင်း၊ လုံခြုံရေးအခြေအနေအရ အလုပ်အကိုင်အခွင့်အလမ်းတွေက မလုပ်နိုင် မကိုင်နိုင်တဲ့ အခြေအနေရောက်လာတဲ့အတွက် ဒေသစွန့်ခွာထွက်သွားကြတာ တော်တော်များများရှိပါတယ်။ လက်ရှိမောင်တောဒေသမှာ တိုင်းရင်းသားပြည်သူတွေ ဆက်လက်ပြီးဒေသစွန့်ခွာပြီး ထွက်ခွာမသွားဖို့အတွက် သင်တန်းတွေကို အထိုက်အလျောက် လိုရင်လိုအပ်သလို ပို့ချဆောင်ရွက်ပေးလျက်ရှိပါတယ်”လို့ပြောပါတယ်။

မောင်တောခရိုင်ထဲက မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်နှစ်ခုစလုံးမှာ အခုလိုသင်တန်းတွေ ပို့ချပေးနေတာဖြစ်ပြီး လက်သမားနဲ့ ပန်းရံပညာ၊ စက်ချုပ်နဲ့ ဇာထိုး ပန်းထိုးပညာ၊ ဆိုင်ကယ်စက်ပြင်၊ ကွန်ပျူတာနဲ့ အင်တာနက်သုံးစွဲခြင်းပညာစတဲ့ အသက်မွေးဝမ်းကြောင်းလုပ်နိုင်တဲ့ ပညာရပ်တွေကို ၅ ကြိမ်ပို့ချပေးပြီးဖြစ်ပါတယ်တယ်။

ဆိုင်ကယ်စက်ပြင်ပညာသင်ကြားနေတဲ့  မောင်ကျော်ဌေးက “ကျနော်က ဒီကပေးတဲ့ ပစ္စည်းကိရိယာနဲ့ ဆိုင်ဖွင့်မယ်။ ငွေကြေးနည်းနည်းများလာလို့ရှိရင် မြို့တက်ပြီးတော့ ဆိုင်ဖွင့်ဖို့ ရည်ရွယ်ချက်ရှိပါတယ်။”လို့ပြောပါတယ်။

သင်တန်းတွေမှာ ဌာနဆိုင်ရာတွေ၊ အင်န်ဂျီအိုတွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆောင်ရွက်နေပြီး အကူအညီပေးဖို့ စိတ်ပါဝင်စားတဲ့ အဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်ဖို့ သင်တန်းစီစဉ်သူတွေက တိုက်တွန်းပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်မှူး၊ ဦးထွန်းလှိုင်က “ပူးပေါင်းဖို့ပေါ့ CARE ရယ် MHDO ရယ်ကို ကမ်းလှမ်းလိုက်တော့ သူတို့က လုပ်ငန်းသုံးပစ္စည်းတွေ ကွင်းတို့၊ ဂွဆက်တို့၊ တီဆက်တို့ ပလာယာကအစ တတ်နိုင်သမျှအစ သူတို့ရွာပြန်ရောက်သွားရင် ဒီ လုပ်ငန်းတွေကို စလုပ်နိုင်အောင်ဆိုပြီး ကျနော်တို့ အင်န်ဂျီအို နဲ့ ပူးပေါင်းပြီး လုပ်လိုက်တဲ့သဘောပေါ့”လို့ ပြောပါတယ်။

၂ဝ၁၄  သန်းခေါင်စာရင်း အစီရင်ခံစာအရ ရခိုင်ပြည်နယ်ထဲမှာ ကျေးလက်နေထိုင်သူ ရာခိုင်နှုန်း ၈ဝ ရာခိုင်နှုန်းကျော်ရှိပြီး အသက် ၁၅ နှစ်က ၃၅ နှစ်ထိ အလုပ်လက်မဲ့ရာခိုင်နှုန်းက ၃၃ ရာခိုင်နှုန်းကနေ ၁ဝ ရာခိုင်နှုန်းအထိရှိတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013