DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် အမ်အိုယူအလုပ်သမားကတ် ပြန်လုပ်သူများ အလိမ်ခံရ
DVB
·
January 6, 2017
ရန်ကုန်တွင် အမ်အိုယူအလုပ်သမားကတ် ပြန်လုပ်သူများ အလိမ်ခံရ
Donate to DVB

ထိုင်းနိုင်ငံ ချင်းမိုင်ကနေ ရန်ကုန်ပြန်ပြီး အမ်အိုယူအလုပ်သမားကတ် ပြန်လုပ်သူ အလုပ်သမား ၅၀ ကျော်ဟာ  ပွဲစားရဲ့ လိမ်ညာတာ ခံခဲ့ရတယ်လို့ ကာယကံရှင် အလုပ်သမားတွေက ပြောပါတယ်။

ချင်းမိုင်မြို့ ချိုးတနားလမ်း မယ့်ယုတ်ဈေးအနီး ဆိုင်ခန်းတခုမှာ ထိုင်းအစ်ဆလာ အလုပ်သမား ၀န်ဆောင်မှုကုမ္ပဏီ ဖွင့်လှစ်ထားတဲ့ စိုင်းဆီဝမ်း ဆိုသူဟာ အလုပ်သမားတွေကို မြန်မာပြည်မှာ  ပတ်စပို့ သက်တမ်းတိုးဖို့နဲ့ အမ်အိုယူအလုပ်သမားကတ်လုပ်ဖို့ဆိုပြီး လူတဦးကို ဘတ် ၁ သာင်းခွဲကနေ ၂ သောင်းထိ ယူထားပြီး ရန်ကုန်ရောက်တော့ သူတို့ကို  မြောက်ဒဂုံမြို့က အိမ်ခန်းတခုမှာ လာပစ်ထားတာကြောင့် ဒုက္ခရောက်နေရတယ်လို့ အလုပ်သမား စိုင်းတိုးက ဒီဗွီဘီကို ပြောပါတယ်။

“ပြီးခဲ့တဲ့လ ၂၄ ရက်နေ့က သူက ကျနော်တို့ကို ချင်းမိုင်ကနေ ရန်ကုန်ထိ ခေါ်လာတယ်၊ ပြီးတော့ ရန်ကုန်အလုပ်သမားရုံးမှာရော၊ မြ၀တီမြို့မှာပါ သွားလျှောက်ထားတာ၊ ဓာတ်ပုံ ရိုက်တာတွေလုပ်ပြီးပြီ။ ဒါပေမယ့် သူကလက်မှတ်ထုတ်ယူဖို့ ပြောထားတဲ့ လူဆီ သွားတောင်းတော့ စိုင်းဆီဝမ်းက ကျနော်တို့ သွင်းရမယ့်ငွေတွေ သွင်းမပေးသေးဘူးတဲ့၊ မင်းတို့ လက်မှတ်တွေ လိုချင်ရင် နောက်ထပ် တစ်ယောက်ကို ဘတ် ၅ ထောင်ပေးရမယ်လို့ ပြောတယ်။ စိုင်းဆီဝမ်းလည်း ဒီလ ၂ ရက်နေ့ကတည်းက ပျောက်သွားပြီး ဆက်သွယ်လို့မရတော့ဘူး။ ၃ ရက်နေ့က ကျနော်တို့ တည်းနေတဲ့ အိမ်ရှင်က ကျနော်တို့ကို လာမောင်းထုတ်တယ်။ ဒီမှာ အိမ်ငှားထားတဲ့လူက အိမ်လခ မပေးတာ ၃ လရှိပြီတဲ့။ အဲဒါ ကျနော်တို့ ၁၁ ယောက် မရှိမဲ့ရှိမဲ့ စုပြီး အိမ်ရှင်ကို ၁ သိန်းခွဲပေးလိုက်တယ်။ အခုကျနော်တို့မှာ ပိုက်ဆံတွေလည်း မရှိတော့ဘူး၊ ဗမာစကားလည်း မပြောတတ်ကြဘူး၊ ဘယ်မှလည်း မသွားတတ်မလာတတ်ဘူး၊ မာမားခေါက်ဆွဲကို မျှပြီးစားနေရတယ်။ အဲဒါ ဒုက္ခရောက်နေလို့ ချင်းမိုင်က အသိတွေဆီဖုန်းပြန်ဆက်ပြီး အကူအညီတောင်းထားတယ်။”

ချင်းမိုင်က အသိတွေက စိုင်းဆီဝမ်းရဲ့ ရုံးခန်းကို သွားကြည့်တော့ ပိတ်ထားကြောင်း၊ သူတို့ဖွင့်ထားတဲ့ အလုပ်သမားဝန်ဆောင်မှု ကုမ္ပဏီဆိုတာလည်း တရားဝင်ဖွင့်ထားတာမဟုတ်ဘူးလို့ ဆိုပါတယ်။

ရန်ကုန်မှာ သောင်တင်နေတဲ့ သူတို့ ၁၁ ဦးဟာ ရှမ်းပြည်နယ် တောင်ကြီး၊ ဆီဆိုင်၊ ကွန်ဟိန်း စတဲ့ မြို့နယ်တွေကဖြစ်ပြီး ထိုင်းမှာ အလုပ်သွားလုပ်တာ တချို့က ၄ နှစ်ဗီဇာပြည့်လို့ ပြန်လာတာဖြစ်ပြီး တချို့က အမ်အိုယူလက်မှတ်အသစ်လာလုပ်တာလို့ ဆိုပါတယ်။

အလားတူ မြ၀တီမြို့မှာလည်း မြန်မာပြည်မှာ ပြန်ပြီး အမ်အိုယူ အလုပ်သမားကတ်ပြန်လုပ်သူ အယောက် ၄၀ လောက်  သောင်တင်နေတယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013