DVB Logo
Home
မေးမြန်းခန်း
အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှုပ​ပျောက်ဖို့​က စစ်ဝါဒ ကျင့်​သုံး​နေတာကို ရပ်တန့်​ဖို့​ လိုအပ်တယ်
DVB
·
November 25, 2011
အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှုပ​ပျောက်ဖို့​က စစ်ဝါဒ ကျင့်​သုံး​နေတာကို ရပ်တန့်​ဖို့​ လိုအပ်တယ်
Donate to DVB

မြန်မာနိုင်ငံမှာ အစိုး​ရသစ်တက်လာ​ပေမယ့်​ အရင် စစ်အစိုး​ရလက်ထက်ကလိုပဲ တိုင်း​ရင်း​သူ အမျိုး​သမီး​တွေကို အဓမ္မပြုကျင့်​ပြီး​ စစ်လက်နက်သဖွယ် အသုံး​ပြု​နေဆဲပဲလို့​ အမျိုး​သမီး​များ​အဖွဲ့​ချုပ် မြန်မာနိုင်ငံက ​ပြောဆိုလိုက်ပါတယ်။

ဒီ​နေ့​ကျ​ရောက်တဲ့​ ၅၄ နှစ်​မြောက် နိုင်ငံတကာအမျိုး​သမီး​များ​ပေါ် အကြမ်း​ဖက်မှု ပ​ပျောက်​ရေး​နေ့​ အထိမ်း​အမှတ် ​ကြေညာချက်ထုတ်ပြန် ​ပြောဆိုလိုက်တာပါ။

[caption id="attachment_18291" align="alignright" width="300" caption="​လွေးနွေ​နှောင်း​ (ဓာတ်ပုံ ​ကေအိုင်စီ)"][/caption]

ဘယ်လိုအ​ထောက်အထား​တွေနဲ့​ ခုလို​ပြောဆိုတာလဲဆိုတာကို အမျိုး​သမီး​များ​အဖွဲ့​ချုပ်-မြန်မာနိုင်ငံ (ဒဗလျူအယ်လ်ဘီ)ရဲ့​ သဘာပတိအဖွဲ့​ဝင် ​လွေး​နွေ​နှောင်း​ကို ​မေး​မြန်း​ထား​ပါတယ်။

ဒီ​နေ့​ ဒဗလျူအယ်လ်ဘီ က​နေပြီး​တော့​ ​ကြေညာချက်တခု ထုတ်ထား​တယ်။ အရင်တုန်း​ကလည်း​ မြန်မာနိုင်ငံအတွင်း​မှာ အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှု​တွေ ရှိ​နေတယ်လို့​လည်း​ အမြဲတမ်း​လည်း​ ​ကြေညာချက် ထုတ်ထား​တာ ရှိတယ်​လေ။ အစိုး​ရသစ် သမ္မတ ဦး​သိန်း​စိန်လက်ထက်မှာ အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှု​တွေက​တော့​ ရှိ​နေတုန်း​ဘဲလား​။

“သမ္မတဦး​သိန်း​စိန်လက်ထက်မှာ အကြမ်း​ဖက်မှု​တွေက ရှိ​နေတုန်း​ပဲလို့​ ​ပြောလို့​ ရပါတယ်။ အဓိကက​တော့​ ၈ လတာကာလ၊​ ဒီ ၂၀၁၁ မှာ ကချင်​ဒေသမှာပဲ ကြည့်​ကြည့်​၊​ ရှမ်း​ဒေသမှာဖြစ်ဖြစ် ဒီ နှစ်ခု​ပေါင်း​ ဒီအမျိုး​သမီး​ ၈၁ ဦး​လောက်ကို နအဖတပ်က မုဒိမ်း​ကျင့်​ခဲ့​တာမျိုး​တွေ ရှိတယ်။ ၃၆ ဦး​ သတ်ဖြတ်ခံရတယ်။ ဒီဟာဆိုရင်​တော့​ အရမ်း​ကို ဆိုး​ဆိုး​ရွား​ရွား​ဖြစ်​နေတဲ့​ အ​ခြေအ​နေမျိုး​တွေမှာ ရှိတယ်။ မုဒိမ်း​မှုတင်မကဘူး​ မြန်မာနိုင်ငံမှာ အခြား​ အိမ်တွင်း​အကြမ်း​ဖက်မှုတို့​၊​ စိတ်ပိုင်း​ဆိုင်ရာ အကြမ်း​ဖက်မှု​တွေလည်း​ အများ​ကြီး​။ ဥပမာ အမျိုး​သမီး​တ​ယောက်ကို ခြိမ်း​ခြောက်တဲ့​ဟာမျိုး​တွေလည်း​ ကျမတို့​ဆီမှာ အများ​ကြီး​ ​တွေ့​ရတယ်​လေ။ တက်လာတဲ့​ သမ္မတ ဦး​သိန်း​စိန်လက်ထက်ဆိုရင် သူတို့​က​တော့​ ဒီမိုက​ရေစီနိုင်ငံလို့​ ​ပြော​နေ​ပေမယ့်​ တကယ်တမ်း​ကျ​တော့​ ပြုပြင်​ပြောင်း​လဲမှု​တွေက တိုင်း​ရင်း​ဒေသမှာ မရှိ​သေး​ဘူး​ ဆိုတဲ့​ဟာမျိုး​တွေ ကျမတို့​က အဓိက ဒီဟာကို ​ထောက်ပြချင်တယ်။”

အစိုး​ရသစ်လက်ထက်မှာ အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှု​တွေ ပိုများ​လာလား​ နည်း​သွား​သလား​။

“ပိုပြီး​တော့​ များ​လာတာကို ​တွေ့​ရှိရတယ်။”

ဘယ်လိုအ​ထောက်အထား​နဲ့​ များ​လာတယ်လို့​ ​ပြောတာလဲ။

“အခု လက်ရှိ ကျမတို့​ ဒီမှာ ကချင်နဲ့​ ရှမ်း​တွေ ထုတ်ထား​တဲ့​ အစီရင်ခံစာ​တွေလည်း​ အများ​ကြီး​ ရှိတယ်​လေ။ ပြီး​တော့​ ပ​လောင်​ဒေသမှာ ဖြစ်ပျက်တဲ့​ဟာ​တွေလည်း​ အများ​ကြီး​ ကျမတို့​ ထုတ်ထား​တယ်။ ဘိန်း​ကိစ္စ၊​ လူကုန်ကူး​မှု ကိစ္စ​တွေ​ရော။ ​နောက်တခု ဒီ​နေ့​ဆိုရင် အစီရင်ခံစာ တ​စောင်ထုတ်ထား​တယ်​လေ။ ဒီအ​ပေါ်မှာလည်း​ အကြမ်း​ဖက်မှုနဲ့​ ပတ်သက်တဲ့​ဟာ​တွေပဲ ကျမတို့​ အများ​ကြီး​ ရှိတာ​ပေါ့​နော်။ ဒီနှစ်အတွင်း​မှာ အမျိုး​သမီး​တွေက ဒီစာက​တော့​ ပ​လောင်ထုတ်တဲ့​ ​ပြောင်း​လဲခြင်း​အတွက် အသံများ​ဆိုတဲ့​ အစီရင်ခံစာ​ပေါ့​နော်။ ဒီမှာလည်း​ အများ​ကြီး​ အမျိုး​သမီး​နဲ့​ အမျိုး​သား​ အင်တာဗျူး​ကြည့်​လိုက်​တော့​ ၆၀၀ ​ကျော်ထဲမှာ ၉၀ က အကြမ်း​ဖက်ခံရတဲ့​ အမျိုး​သမီး​တွေ ​တွေ့​ရှိတယ်ဆိုတဲ့​ဟာ သူတို့​ရဲ့​ ဖွင့်​ပြောချက်​တွေ အများ​ကြီး​ ​တွေ့​ရတယ်​လေ။ ဒီဟာလည်း​ ကျမတို့​အတွက် သက်​သေတခုဖြစ်တယ်လို့​ ​ပြောလို့​ရတယ်။”

အကြမ်း​ဖက်မှု​တွေထဲမှာ ဘယ်လိုအကြမ်း​ဖက်မှုက အဆိုး​ရွား​ဆုံး​ဖြစ်လဲ။

“အဓိကက​တော့​ မုဒိမ်း​မှု​ပေါ့​နော်။ ကျမတို့​ဆီမှာ ​တော်​တော်​လေး​ကို ဖြစ်​နေတဲ့​ဟာ။ ဒီမုဒိမ်း​မှုက​တော့​ ​ပြောမယ်ဆိုရင်​တော့​ တရား​ဥပ​ဒေနဲ့​ ရင်ဆိုင်ရမယ့်​ အမှု​တွေ ဖြစ်တယ်​လေ။ တကယ်တမ်း​ကျ​တော့​ သူတို့​က မလုပ်​ပေး​တဲ့​ အပိုင်း​တွေ ရှိတယ်။ နှစ်အချက်က​တော့​ လူကုန်ကူး​မှု​တွေလည်း​ အများ​ကြီး​ဖြစ်တယ်။ လူကုန်ကူး​မှု ဘယ်​နေရာမှာပဲ ကြည့်​ကြည့်​ ကရင်​ဒေသမှာပဲ ကြည့်​ကြည့်​ စစ်ပွဲ​တွေ ဖြစ်​တော့​ လူ​တွေက အလုပ်လက်မဲ့​တွေဖြစ်တယ်။ ကချင်​ဒေသမှာပဲ ကြည့်​ကြည့်​၊​ ရှမ်း​ပြည်မှာပဲ ကြည့်​ကြည့်​ အဓိက လူကုန်ကူး​ခံရမှု​တွေ ​တော်​တော်များ​များ​ အမျိုး​သမီး​တွေ ခံစား​ရတယ်။ ​နောက်တချက်က​တော့​ အိမ်တွင်း​အကြမ်း​ဖက်မှုမှာ များ​သောအား​ဖြင့်​ လူ​တွေက ​ပြော​နေကြတာက​တော့​ ဒီဟာက​တော့​ မိသား​စုအ​ရေး​ ဖြစ်​နေတယ်။ ပတ်ဝန်း​ကျင်နဲ့​ မဆိုင်ဘူး​ဆိုတဲ့​ဟာ ပစ်ပယ်မယ်တဲ့​ဟာမျိုး​တွေလည်း​ အများ​ကြီး​တွေ့​ရတယ်။”

လူကုန်ကူး​မှု​တွေ၊​ အဓမ္မပြုကျင့်​မှု​တွေ၊​ အိမ်တွင်း​အကြမ်း​ဖက်မှု​တွေ ရှိ​နေတဲ့​ထဲမှာ​ပေါ့​လေ ဘယ်​ဒေသ​တွေက အများ​ဆုံး​ဖြစ်လဲ။

“ဘယ်​ဒေသမှာ အများ​ဆုံး​ဖြစ်လဲဆို​တော့​ စစ်ပွဲဖြစ်တဲ့​နေရာ​တွေမှာ များ​ပါတယ်။ ရှမ်း​ပြည်၊​ ကချင်ပြည်၊​ ကရင်ပြည်​ပေါ့​နော် များ​သောအား​ဖြင့်​ ဖြစ်တယ်။ တခြား​နေရာမှာလည်း​ ကျမတို့​ ခြုံငုံပြီး​ပြောလို့​မရဘူး​။ တခြား​နေရာမှာ အိမ်တွင်း​အကြမ်း​ဖက်မှုဆိုရင် အများ​ကြီး​ ​တွေ့​ရတယ်​လေ။ များ​သောအား​ဖြင့်​ မြန်မာတပြည်လုံး​မှာ ဖြစ်​နေကြတာကိုး​ ဒီဟာက။”

အဓိကအား​ဖြင့်​ ဒီလိုမျိုး​တွေ ဖြစ်ရတာ ဘာ​ကြောင့်​ပါလဲ။

“အဓိကက ဘာ​ကြောင့်​လဲဆို​တော့​ အခုတက်လာတဲ့​ အစိုး​ရသစ်ကိုပဲ ​ပြော​ပြော၊​ အရင်တုန်း​က နအဖ ​ခေတ်ကိုပဲ ​ပြော​ပြော တာဝန်ယူမှု တစုံတရာ မရှိတဲ့​အပြင် သူတို့​က ၉၇ မှာ The Convention on the Elimination of all forms of Discrimination Against Women (CEDAW) (အမျိုး​သမီး​များ​အ​ပေါ် ဖိနှိပ်မှုတား​ဆီး​ကာကွယ်​ရေး​ညီလာခံ) မှာ လက်မှတ်​ရေး​ထိုး​ထား​ပေမယ့်​ သူတို့​က​တော့​ ဒီ စာရွက်စာတမ်း​ပေါ်မှာပဲ ရှိတယ်​လေ။ တကယ့်​လက်​တွေ့​မှာ သူတို့​ အ​ကောင်အထည် မ​ဖော်ဘူး​ဆို​တော့​ ဒါ​တွေကို လုပ်လို့​မရဘူး​။ ကျမတို့​ ဒီအမျိုး​သမီး​များ​အဖွဲ့​ချုပ်က​တော့​ ကြိုး​စား​ပြီး​တော့​ လုပ်​နေပါတယ်။ ဒီ အမျိုး​သမီး​များ​ ကြား​မှာ​ပေါ့​နော် ပညာ​ပေး​ဟော​ပြောပွဲ​တွေ၊​ ဒီအခမ်း​အနား​တွေ၊​ သိသင့်​သိထိုက်တဲ့​ဟာမျိုး​တွေ အကုန်​တော့​ အလုပ်​တော့​လုပ် တကယ်တမ်း​ကျ​တော့​ ကျမတို့​ ပြည်တွင်း​မှာ ဘယ်​လောက်ပဲလုပ်လုပ် ထိထိ​ရောက်​ရောက် လုပ်နိုင်​ပေမယ့်​ အစိုး​ရရဲ့​ သူတို့​ရဲ့​ ​ပေါ်လစီထဲမှာ မ​ပြောင်း​လဲဘူး​ဆိုရင် ကျမတို့​ ဘယ်လိုမှ ​ပြောင်း​လဲလို့​ မရတဲ့​ အ​နေအထား​တွေ​တော့​ ဖြစ်တယ်ရှင့်​။”

အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှု ပ​ပျောက်ဖို့​ ဘယ်လို လုပ်သင့်​သလဲ။

“အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှု ပ​ပျောက်ဖို့​က စစ်ဝါဒ ကျင့်​သုံး​နေတာကို ရပ်တန့်​ဖို့​ လိုအပ်တယ် မြန်မာနိုင်ငံမှာ​လေ။ အမျိုး​သမီး​များ​အ​ပေါ် ဖိနှိပ်မှုတား​ဆီး​ကာကွယ်​ရေး​ညီလာခံ လက်မှတ် ထိုး​ထား​တယ်ဆို​တော့​ တကယ့်​ကို အ​ကောင်အထည်​ဖော်ဖို့​ လိုအပ်တယ် ဆိုတာမျိုး​ ကျမတို့​ မီး​မောင်း​ထိုး​ပြချင်တယ်။ ဒီဟာကိုလည်း​ လက်​တွေ့​လုပ်​ဆောင်ဖို့​ လိုအပ်တယ်ဆိုတဲ့​ဟာမျိုး​တွေ။ ပြီး​တော့​ မြန်မာနိုင်ငံမှာ ကျမတို့​ ပညာ​ပေး​ဟော​ပြောပွဲ​တွေ အများ​ကြီး​လုပ်​ဆောင်ဖို့​လို့​အပ်တယ်။ ၂၀၀၇ တုန်း​က ကျမတို့​ အ​တွေ့​အကြုံ​ပေါ့​နော်။ မြန်မာနိုင်ငံမှာ သူတို့​ အမျိုး​သမီး​များ​အ​ပေါ် ဖိနှိပ်မှုတား​ဆီး​ကာကွယ်​ရေး​ညီလာခံ (ကုလသမဂ္ဂ) မှာ တင်​တော့​ ဘာ​ပြောလဲဆို​တော့​ အမျိုး​သား​များ​နဲ့​ အမျိုး​သမီး​တွေက တန်း​တူ အခွင့်​အ​ရေး​ခံစား​ခွင့်​ရှိတယ်။ မ​မွေး​ခင်ကတည်း​က အခွင့်​အ​ရေး​တွေက ရှိထား​ပြီး​သား​ဆို​တော့​ သူတို့​ရဲ့​ စာတန်း​ထဲမှာ​တော့​ ရှိတယ်၊​ တကယ့်​ လက်​တွေ့​မှာ သူတို့​လုပ်​ဆောင်​နေတဲ့​ အပိုင်း​တွေ အရမ်း​အား​နည်း​တဲ့​ ဟာမျိုး​တွေ​ပေါ့​နော်။ ဒီဟာကို အစိုး​ရ​တွေ ကိုယ်တိုင်လည်း​ လုပ်​ဆောင်ဖို့​ လိုအပ်တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013