DVB Logo
Home
Lead Story
အလဲဗင်း စီအီးအိုနှင့် အယ်ဒီတာချုပ်တို့ကို ၆ ကြိမ်မြောက် ရုံးထုတ်
DVB
·
January 6, 2017
Donate to DVB

Eleven Media Group ရဲ့ CEO နဲ့ အယ်ဒီတာချုပ်တို့ကို ဒီနေ့ မနက်ပိုင်းက တာမွေမြို့နယ် တရားရုံးမှာ ၆ ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။

ဒီနေ့ ရုံးထုတ်ရာမှာတော့ တရားလိုပြသက်သေ ၁၂ ဦးအနက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းကို စစ်ဆေးဖို့ ချိန်းဆိုထားပါတယ်။ အခုအချိန်ထိတော့ တရားလိုဘက်က ရောက်ရှိလာခြင်း မတွေ့ရှိရသေးပါဘူး။

ဒီနေ့မှာတော့ အရင် ရုံးထုတ်တွေနဲ့ မတူဘဲ Eleven Media Group ဝန်ထမ်းများနဲ့ မိတ်ဆွေ အများအပြား လာရောက်တာကိုလည်း တွေ့ရပါတယ်။

Eleven Media Group ရဲ့အယ်ဒီတာ့အာဘော်မှာ ဖော်ပြခဲ့တဲ့ အချက်အလက်အချို့ဟာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပတ်သက်ပြီး မဟုတ်မမှန် လွဲမှားတဲ့ အချက်အလက်များဖြစ်နေတဲ့အတွက် ဝမ်းနည်းပါကြောင်းနဲ့ ရေးသားခဲ့မှုအတွက် အနူးအညွတ် ဝန်ချတောင်းပန်ပါကြောင်း တောင်းပန်စာကို ဒီဇင်ဘာ၂၇ ရက်နေ့ထုတ် Daily Eleven သတင်းစာမှာ ထည့်သွင်းဖော်ပြတောင်းပန်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၅ ကြိမ်မြောက် ရုံးထုတ်မှာ အာမခံ ထပ်မံပယ်ချခံခဲ့ရပါတယ်။

သတင်း၊ ဓာတ်ပုံ - ပြည့်ဘုန်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013