DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် မြန်မာအလုပ်သမားများ ဓားခုတ်ခံရပြီး ၄ ဦးသေ၊ ၃ ဦးဒဏ်ရာပြင်းထန်
DVB
·
January 6, 2017
မလေးရှားတွင် မြန်မာအလုပ်သမားများ ဓားခုတ်ခံရပြီး ၄ ဦးသေ၊ ၃ ဦးဒဏ်ရာပြင်းထန်
Donate to DVB

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အလုပ်ဆင်းလို့ ပြန်လာတဲ့ မြန်မာအလုပ်သမားတွေ ဓားနဲ့ ခုတ်ခံရတဲ့အတွက် ၄ ဦး ပွဲချင်းပြီး သေဆုံးကာ ၃ ဦးဒဏ်ရာအပြင်းအထန်ရရှိသွားပါတယ်။

ကွာလာလမ်ပူမြို့ စာဒန်းမြို့နယ်မှာ အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး မနေ့ည ၁၀ နာရီ ကျော်လောက်က ညဆိုင်းအလုပ်ဆင်းပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေကို လမ်းမှာ လူတစု က ဓားနဲ့ ခုတ်ခဲ့ကြတာလို့ ကပုန်းနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောပါတယ်။

“သူတို့က မနေ့ညက အချိန်ပိုဆင်းပြီး အလုပ်ကနေ ပြန်လာတာ။ သူတို့ TV box တွေ လုပ်တဲ့စက်ရုံပေါ့ဗျာ။ အလုပ်လုပ်ပြီး ပြန်လာတဲ့အချိန်မှာ ည ၁၀ နာရီလောက်ပြန်လာတယ်။ အားလုံးအတူတူပြန်လာကြတာ လူ ၁၃ ယောက်လောက်ရှိတယ်။ ကြားလမ်းလေးကနေ အိမ်ကို ပြန်လာကြာပေါ့လေ။ စက်ရုံကိုကျော်ပြီး သူတို့ အပြင်မှာနေကြတာပေါ့။ အဲဒီကြားလမ်းကနေ ပြန်လာတဲ့အခါမှာ လမ်းကြားဟိုဖက်ထိပ်၊ ဒီဘက်ထိပ် လူတစုကနေပြီးတော့ တိုက်ခိုက်ခံရတဲ့အခါမှာ မြန်မာနိုင်ငံသား ၄ ယောက် ပွဲချင်းပြီး သေသွားတယ်။ ၃ ယောက်က အတွင်းလူနာအနေနဲ့ ကွာလာလမ်ပူမြို့ စာဒန်းဆေးရုံမှာ အတွင်းလူနာအနေနဲ့ ဆေးကုသမှု ခံယူနေရတယ်။ ”

သေဆုံးသွားသူတွေဟာ မြန်မာနိုင်ငံ ဘယ်ဒေသကသူတွေကိုလဲဆိုတာ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဦးဆန်းဝင်းက ပြောပါတယ်။

စာဒန်းမြို့နယ်မှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေ အများစုနေထိုင်ကြတဲ့အတွက် နောက်ထပ်ပြသနာမဖြစ်အောင် မြန်မာသံရုံး၊ မလေးရှားအာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အမှုမှန်ပေါ်ပေါက်ရေးအတွက်လည်း မြန်မာသံရုံးတာဝန်ရှိသူတွေ၊ မလေးရှား ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း ဦးဆန်းဝင်းက ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မလိုလားအပ်တဲ့ ကိစ္စရပ်တွေ မဖြစ်ပေါ်စေရေးအတွက် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အထူးဂရုပြု သွားလာနေထိုင်ကြဖို့ ကွာလာလမ်ပူမြို့ အခြေစိုက် မြန်မာသံရုံးက သတိပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013