DVB Logo
Home
မြန်မာသတင်း
ထမံသီ၊ မော်လိုက်၊ သပိတ်ကျင်းနှင့် ကလေးဝ အနီးငလျင်များလှုပ်ခတ်
DVB
·
January 5, 2017
ထမံသီ၊ မော်လိုက်၊ သပိတ်ကျင်းနှင့် ကလေးဝ အနီးငလျင်များလှုပ်ခတ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထမံသီအနီး ဒီကနေ့ မွန်းလွဲပိုင်းက ရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၁၂ နာရီ ၂၆ မိနစ် ၅၀ စက္ကန့် အချိန်က မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် မိုင် ၂၂၀ ခန့် ကွာဝေးတဲ့  မြန်မာနိုင်ငံပြည်တွင်း ထမံသီမြို့ရဲ့ တောင်-အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာကို ဗဟိုပြုပြီး မြေငလျင်လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ၎ရက် မနေ့က တရက်ထဲမှာပဲ မြန်မာနိုင်ငံ ပြည်တွင်းမှာ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တွေ အနည်းဆုံး ၃ ကြိမ်လောက်လှုပ်ခတ်သွားတယ်လို့ မိုးဇလထုတ်ပြန်ချက် အရသိရပါတယ်။

မနေ့ည ၉နာရီလောက်က မော်လိုက်မြို့ရဲ့ အရှေ့တောင်ဘက် ၅၁ မိုင်ခန့်အကွာကို ဗဟိုပြပြီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်သွားသလို ည ၇ နာရီကျော်လောက်မှာလည်း သပိတ်ကျင်းမြို့ရဲ့  အနောက်-အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၄.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာစံတော်ချိန် ၁ နာရီ မိနစ် ၂၀ လောက်မှာလည်း ကလေးဝမြို့ရဲ့ အရှေ့မြောက်ဘက် ၁၇မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၅.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခုလှုပ်သွားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013