DVB Logo
Home
မြန်မာသတင်း
ရပ်ကွက်​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ ​ရွေး​ချယ်​ရေး​ဥပ​ဒေကြမ်း​ကို အတည်ပြု
DVB
·
November 25, 2011
ရပ်ကွက်​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ ​ရွေး​ချယ်​ရေး​ဥပ​ဒေကြမ်း​ကို အတည်ပြု
Donate to DVB

ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ ​ရွေး​ချယ်​ရေး​ ဥပ​ဒေကြမ်း​ကို ပြည်​ထောင်စုလွှတ်​တော်က အတည်ပြုလိုက်ပြီး​ ဥပ​ဒေထုတ်ပြန်ဖို့​ သမ္မတထံတင်လိုက်ပါတယ်။

ဒုတိယအကြိမ်ကျင်း​ပတဲ့​ လွှတ်​တော်ရဲ့​ ​နောက်ဆုံး​နေ့​မှာ ရပ်ကွက်​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ ဥပ​ဒေကြမ်း​ကို အပြီး​သတ်လိုက်နိုင်တာဖြစ်တယ်လို့​ ရန်ကုန်တိုင်း​ အမျိုး​သား​လွှတ်​တော် ကိုယ်စား​လှယ် ဦး​ဖုန်း​မြင့်​အောင်က ​ပြောပါတယ်။

ဒီဥပ​ဒေထွက်​ပေါ်လာရင် ပြည်သူ​တွေအ​နေနဲ့​ မိမိတို့​ရပ်ကွက် ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​တွေကို မိမိတို့​ဆန္ဒနဲ့​ ​ရွေး​ချယ်နိုင်ကြ​တော့​မှာ ဖြစ်တယ်လို့​လည်း​ ဆိုပါတယ်။

ရပ်ကွက်​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ ဥပ​ဒေအပါအဝင် ဒီတကြိမ်ကျင်း​ပခဲ့​တဲ့​ လွှတ်​တော်က အပြီး​သတ် ​ဆွေး​နွေး​နိုင်ခဲ့​တဲ့​ ဥပ​ဒေ​တွေနဲ့​ ပတ်သက်ပြီး​တော့​ ဦး​ဖုန်း​မြင့်​အောင်က ခုလို​ပြောပါတယ်။

“ပုဂ္ဂလိက​ကျောင်း​ ဥပ​ဒေဆိုရင်​တော့​ အပြင်မှာ ကျ​နော်တို့​ ပြန်ကြား​ရတာ သူ​ဌေး​တွေပဲ ​ကျောင်း​ဖွင့်​နိုင်မယ်၊​ သူ​ဌေး​သား​သမီး​တွေပဲ ​ကျောင်း​ထား​နိုင်မယ်ဆိုတဲ့​ အသံ​တွေ ကြား​ရတာ​ပေါ့​နော်။ အများ​ပြည်သူအတွက်​တော့​ သိပ်ပြီး​တော့​ မကပ်နိုင်​သေး​ဘူး​ပေါ့​။

“​နောက် အလုပ်သမား​ဥပ​ဒေကျ​တော့​ အလုပ်သမား​တွေ ကိုယ်တိုင်ကိုယ်က အခု သူတို့​က တစ်က စရမှာ​ပေါ့​နော်။ အဲဒါကြီး​ အပြည့်​အဝ အ​ကောင်အထည်​ဖော်ဖို့​ ဆိုတာကလည်း​ အလုပ်သမား​တွေဘက်က​ရော၊​ အလုပ်ရှင်​တွေ ဘက်က​ရော ​စောင့်​ကြည့်​ရမှာပါ။

“အခု ချက်ချင်း​လက်ငင်း​ ကျ​နော်တို့​ သိသာက​တော့​ ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ပေါ့​ဗျာ။ ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​က​တော့​ အရင်တုန်း​က​တော့​ ဘုရား​လူကြီး​တွေလည်း​ပါပါတယ်၊​ ​ကောင်း​တဲ့​လူကြီး​တွေလည်း​ ပါတယ်​ပေါ့​ အမျိုး​စုံ​ပေါ့​နော်။ အခု​တော့​ ပြည်သူ​တွေက ကိုယ့်​ဟာကိုယ် ​ရွေး​ပေး​ရမယ့်​ တာဝန်​တော့​ ရှိလာပြီ​ပေါ့​နော်။ အနည်း​ဆုံး​ ကိုယ်နဲ့​ သက်ဆိုင်တဲ့​ ဆယ်အိမ်​ခေါင်း​လေး​ကို ​ရွေး​ပေး​ရင်​တော့​ ​ကောင်း​တဲ့​လူ​လေး​တွေ ကျ​နော်တို့​ အဲဒီဥပ​ဒေ အ​ကောင်အထည်​ပေါ်လာလို့​ ရှိရင်​တော့​ လူ​တွေအတွက် အ​ပြောင်း​အလဲ​လေး​တွေ​တော့​ ​ပေါ်လာမှာပါ။ ​နောက် ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ကလည်း​ အရင်တုန်း​ကလို မိုး​ပေါ်က ကျလာတာမဟုတ်ဘဲနဲ့​ ငါ့​ကို အများ​ပြည်သူက ​ရွေး​ချယ်တယ်ဆိုတဲ့​အတွက် သူလည်း​ သူ့​ကိုယ်သူ ဂုဏ်ယူရမယ့်​ အ​ခြေအ​နေမျိုး​ ဖြစ်မှာပါ။”

ငြိမ်း​ချမ်း​စွာစီတန်း​လှည့်​လည်ခွင့်​ ဥပ​ဒေကြမ်း​နဲ့​ ရပ်ကွက်​ကျေး​ရွာ အုပ်ချုပ်​ရေး​မှူး​ ဥပ​ဒေကြမ်း​တွေကို လွှတ်​တော်က အပြီး​သတ် ​ဆွေး​နွေး​နိုင်ခဲ့​ပြီး​ သမ္မတက လက်မှတ်ထိုး​ထုတ်ပြန်ရင် ဥပ​ဒေတွက အသက်ဝင်လာမှာဖြစ်ပါတယ်။

ဒီ​နေ့​လွှတ်​တော်ကို​တော့​ အ​သေး​စား​စက်မှုလက်မှုလုပ်ငန်း​ဥပ​ဒေကြမ်း​နဲ့​ ပတ်သက်ပြီး​ ပြန်​ဆွေး​နွေး​ဖို့​ သမ္မတက လွှတ်​တော်ထံ ပြန်ချ​ပေး​ခဲ့​ပါတယ်။

လွှတ်​တော်နှစ်ရပ်စလုံး​ ဒီက​နေ့​ ပြီး​ဆုံး​သွား​ပြီဖြစ်ပါတယ်။ လာမယ့်​လွှတ်​တော်ကို​တော့​ ​နောက်အကျဆုံး​ ​ဖေ​ဖော်ဝါရီလမှာ ပြန်လည်ကျင်း​ပဖို့​ရှိပါတယ်။ ဒီတကြိမ်လွှတ်​တော်မှာ​တော့​ နိုင်ငံ​တော်ရဲ့​ ဘတ်ဂျက်ခွဲ​ဝေသုံး​စွဲမှုနဲ့​ ပတ်သက်ပြီး​ ​ဆွေး​နွေး​ကြဖို့​ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013