DVB Logo
Home
မြန်မာသတင်း
ဖဲကြိုး​ဖြူ​နေ့​အထိမ်း​အမှတ် မြန်မာပြည်တွင်း​ အမျိုး​သမီး​လှုပ်ရှား​မှု ပြုလုပ်
DVB
·
November 25, 2011
Gallery image 1
1 / 2
Donate to DVB

ဒီက​နေ့​ကျ​ရောက်တဲ့​ ဖဲကြိုး​ဖြူ​နေ့​ ​ခေါ် နိုင်ငံတကာအမျိုး​သမီး​များ​အ​ပေါ် အကြမ်း​ဖက်မှုပ​ပျောက်​ရေး​နေ့​ အထိမ်း​အမှတ်ကို ရန်ကုန်အပါအဝင် ကချင်၊​ ကယား​၊​ မွန် နဲ့​ ဧရာဝတီတိုင်း​တွေမှာ ပြုလုပ်ကြပါတယ်။

နိုင်ငံတကာ အမျိုး​သမီး​များ​အ​ပေါ် အကြမ်း​ဖက်မှုပ​ပျောက်​ရေး​နေ့​ အထိမ်း​အမှတ်အ​နေနဲ့​ မြန်မာပြည်တွင်း​က အမျိုး​သမီး​တွေက ပိုစတာဖြန့်​ဝေတာအပြင် ဆု​တောင်း​ပွဲနဲ့​ စကား​ဝိုင်း​တွေ ပြုလုပ်ခဲ့​ကြတာပါ။

ရန်ကုန်တိုင်း​အတွင်း​ရှိ မင်္ဂလာဒုံ၊​ သန်လျင်နဲ့​ အင်း​စိန်မြို့​နယ်က အမျိုး​သမီး​တွေက ဒီလှုပ်ရှား​မှု လုပ်​ဆောင်ခဲ့​တာပါတယ်။

မင်္ဂလာဒုံမြို့​မှာ အမျိုး​သမီး​တွေက လူစည်ကား​ရာ​နေရာ​တွေမှာ ငြိမ်း​ချမ်း​ရေး​တည်​ဆောင်ကြပါစို့​ ဆိုတဲ့​ပိုစတာနဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​လွတ်​ရေး​ စတစ်ကာ​တွေ လိုက်လံဖြန့်​ဝေခဲ့​တယ်လို့​ ဖြန့်​ဝေသူတဦး​ဖြစ်တဲ့​ မချိုချိုက ​ပြောပါတယ်။

“ပို့​စ်ကတ်ဆိုတာ တခုက ၂၁ ပင်လုံ​ပေါ့​နော်။ ငြိမ်း​ချမ်း​ရေး​ တည်​ဆောက်ကြပါစို့​ ဆိုတာ​လေ။ တိုင်း​ရင်း​သား​တွေ လက်တွဲထား​တဲ့​ပုံ ​ဝေတယ်။ ​နောက်တခုက နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​မှသည် ပြည်သူတရပ်လုံး​ လွတ်​မြောက်​ရေး​ဆီသို့​ ဆိုတဲ့​ စတစ်ကာ​တွေ ကပ်တယ်။ ကျမတို့​ လူစည်ကား​တဲ့​နေရာနဲ့​ အဓိကက ​ကျောင်း​တွေကို ဦး​စား​ပေး​ပြီး​တော့​ ​ဝေတာ​လေ။ သင်တန်း​နေရာ​တွေ ဦး​စား​ပေး​ပြီး​ ​ဝေဖြစ်တယ်။ ကျမတို့​ ဖဲကြိုး​ဖြူ​တွေပါ ​ဝေတာ​ပေါ့​နော်။”

ဒီမနက် ၇ နာရီ​လောက်မှာ ပိုစတာနဲ့​ စတစ်ကာ​တွေကိုလိုက်လံဖြန့်​ဝေပြီး​ ၉ နာရီက​နေ ၅ နာရီအထိ အမျိုး​သမီး​အကြမ်း​ဖက်မှုတား​ဆီး​ကာကွယ်​ရေး​ အသိပညာ​ပေး​ဆွေး​နွေး​ပွဲ စကား​ဝိုင်း​တွေပြုလုပ်ခဲ့​ကြပါတယ်။

မင်္ဂလာဒုံမြို့​နယ်မှာ ပြုလုပ်တဲ့​ ​ဆွေး​နွေး​ပွဲ​တွေမှာ စစ်သား​တွေရဲ့​ ဇနီး​သည်​တွေလည်း​ ပါဝင်​ဆွေး​နွေး​ကြတယ်လို့​ မချိုချိုက ​ပြောပါတယ်။

သန်လျင်မြို့​နယ်မှာလည်း​ ပိုစတာနဲ့​ ဖဲကြိုး​ဖြူ ဖြန့်​ဝေကာ စကား​ဝိုင်း​တွေ ပြုလုပ်ခဲ့​ကြတယ်လို့​ ဦး​ဆောင်လှုပ်ရှား​သူ မဝင်း​ဝင်း​မူက ​ပြောပါတယ်။

“စကား​ဝိုင်း​မှာ ​ဆွေး​နွေး​တဲ့​ ​ခေါင်း​စဉ်က​တော့​ လက်ရှိဖြစ်​နေတဲ့​ စစ်ပွဲ​တွေ အတွင်း​မှာ အမျိုး​သမီး​တွေ အကြမ်း​ဖက်ခံ​နေရခြင်း​ကို ​နေရာ​ဒေသအသီး​သီး​မှာ ထုတ်​ဖော်​ပြောကြား​လာ​စေခြင်း​နဲ့​ နိုင်ငံ​ရေး​ယုံကြည်ချက်​ကြောင့်​ ဖမ်း​ဆီး​ချုပ်​နှောင်ခံထား​ရတဲ့​ အမျိုး​သမီး​အား​လုံး​ကို အမြန်ဆုံး​လွတ်​မြောက်လာ​စေဖို့​ ​တောင်း​ဆိုလှုပ်ရှား​မှု အ​နေနဲ့​ လုပ်တာပါ။

“ပြည်သူလူထု​တွေ ငြိမ်း​ချမ်း​ဖို့​ဆိုတာက ပြည်သူလူထုထဲမှာလည်း​ အမျိုး​သမီး​တွေက အများ​စုဖြစ်တယ်​လေ။ စစ်ဖြစ်​နေတဲ့​ ​ဒေသအတွင်း​က အိုး​အိမ်စွန့်​ခွာတိမ်း​ရှောင်​နေရတဲ့​ အမျိုး​သမီး​တွေရဲ့​ ဘဝ။ ​နောက် လိင်ပိုင်း​ဆိုင်ရာ အကြမ်း​ဖက်မှု​တွေ ဆိုး​ဆိုး​ရွား​ရွား​ ခံ​နေရတဲ့​ တိုင်း​ရင်း​သူ အမျိုး​သမီး​တွေ၊​ ​နောက် မြန်မာပြည်တွင်း​ထဲမှာ ကျန်း​မာ​ရေး​ ​စောင့်​ရှောက်ခွင့်​၊​ ပညာသင်ခွင့်​၊​ ဥပ​ဒေရဲ့​ ကာကွယ်​စောင့်​ရှောက်မှု​တွေမရရှိတဲ့​ အမျိုး​သမီး​တွေ အား​လုံး​ အဆင်​ပြေသွား​စေဖို့​၊​ ငြိမ်း​ချမ်း​သွား​စေဖို့​အတွက် ဖဲကြိုး​ဖြူ​တွေ ကျမတို့​ ​ဝေငှပြီး​တော့​ ဆု​တောင်း​ပွဲလည်း​ လုပ်ကြတာပါ။”

အလား​တူ ဧရာဝတီတိုင်း​၊​ ကချင်ပြည်နယ်။ မွန်ပြည်နယ်မှာလည်း​ အလား​တူ လှုပ်ရှား​ဆွေး​နွေး​မှု​တွေ ပြုလုပ်ခဲ့​ကြတယ်လို့​သိရပါတယ်။

ဖဲကြိုး​ဖြူ​နေ့​အထိမ်း​အမှတ် လှုပ်ရှား​မှု​တွေကို အရင်နှစ်​တွေကလည်း​ မြန်မာပြည်တွင်း​မှာ ပြုလုပ်ခဲ့​ပေမယ့်​ ကျယ်ကျယ်ပြန်ပြန့်​ လုပ်​ဆောင်နိုင်ခြင်း​မရှိပါဘူး​။ ဒီနှစ်မှာ​တော့​ ပိုပြီး​လွတ်လပ်​ပေါ်လွင်​အောင် လှုပ်ရှား​လို့​ရတယ်လို့​ အမျိုး​သမီး​အခွင့်​အ​ရေး​လှုပ်ရှား​သူ​တွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013