DVB Logo
Home
မြန်မာသတင်း
၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ကြိုးပမ်းရန် အန်အယ်လ်ဒီ တိုက်တွန်း
DVB
·
January 4, 2017
Donate to DVB

လွတ်လပ်ရေးနဲ့အပြိုင် ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို အခု ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ကစတင်ပြီး ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်နိုင်အောင် အားလုံး ဝိုင်းဝန်း ကြိုးပမ်းကြဖို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက တိုက်တွန်းပြောပါတယ်။

ဇန်န၀ါရီ ၄ ရက်နေ့မနက်က ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်မှာ ကျင်းပတဲ့ ၆၉ နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ပါတီအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက မိန့်ခွန်းပြောကြားရာမှာ တိုက်တွန်းသွားတာပါ။

ဒါ့အပြင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်ဖို့ မြန်မာနိုင်ငံတော်နဲ့သင့်တော်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ် ပေါ်ပေါက်လာအောင် ဆောင်ရွက်ကြဖို့လည်း  တိုက်တွန်းပြောကြားသွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း ဒီကနေ့ ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ အမျိုးသားရင်ကြားစေ့ရေးကို အခြေခံတဲ့ သွေးစည်းညီညွတ်ရေး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်  တိုက်တွန်းထားတဲ့ ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။

ယနေ့ကာလဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မျှော်လင့်ချက်ကို တာဝန်ယူ တာဝန်ခံဆောင်ရွက်နေရတဲ့အချိန် ဖြစ်တယ်၊ တရားဥပဒေ စိုးမိုးရေး ရရှိထိန်းသိမ်းနိုင်ဖို့ အားထုတ်ကြိုးပမ်းနေသလို ငြိမ်းချမ်းရေးရဖို့နဲ့ ခေတ်သစ်မြန်မာ့သမိုင်းရဲ့ သွေးအစွန်းဆုံး အရှည်ကြာဆုံးစစ်ပွဲကြီးကို ဂုဏ်သိက္ခာရှိရှိ နိဂုံးချုပ်ဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အတိတ်ကာလရဲ့ နာကျင်ခါးသီးမှုတွေနဲ့ အထွေထွေပြဿနာတွေက ဝန်ထုပ်ဝန်ပိုးအဖြစ် ဖိစီးနေဆဲဖြစ်ပြီး အပြောင်းအလဲကာလရဲ့ စိန်ခေါ်မှုနဲ့ ဖိအားတွေနဲ့ ထိလွယ်ရှလွယ် အကဲဆတ်မှုတွေကလည်း ပဋိပက္ခအသွင်ပြောင်းလဲတတ်တဲ့အတွက်  အန်အယ်လ်ဒီ အစိုးရအနေနဲ့ အထူးသတိပြုဖြေရှင်းနေရတယ်လို့လည်း ဆိုပါတယ်။

အန်အယ်လ်ဒီ ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013