DVB Logo
Home
မြန်မာသတင်း
လေ​ဘေး​သင့်​မြန်မာ​ရေလုပ်သား​များ​ အိန္ဒိယနိုင်ငံမှ ​လေယာဉ်ဖြင့်​ ပြန်​ရောက်
DVB
·
November 25, 2011
Donate to DVB

လေပြင်း​မုန်တိုင်း​ဒဏ်​ကြောင့်​ ပင်လယ်ထဲ​မျောပါသွား​ရာက အိန္ဒိယနိုင်ငံမှာ ​သောင်တင်​နေတဲ့​ မြန်မာ​ရေလုပ်သား​တွေဟာ ၈ လ​လောက်အကြာမှာ မြန်မာ့​လေ​ကြောင်း​က စင်း​လုံး​ငှား​ ​လေယာဉ်နဲ့​ ရန်ကုန်​လေဆိပ်ကို ပြန်လည်​ရောက်ရှိလာပြီဖြစ်ပါတယ်။

အခု နှစ်ဆန်း​ပိုင်း​က ပင်လယ်ထဲ ငါး​ဖမ်း​ထွက်​နေတဲ့​ မြန်မာ​ရေလုပ်သား​တွေဟာ ​လေပြင်း​တွေ ရုတ်တရက် တိုက်လာတာ​ကြောင့်​ ပင်လယ်ထဲ ​မျောပါသွား​ရာက အိန္ဒိယ ​ရေပိုင်နက်ထဲ ​ရောက်ရှိသွား​ပြီး​ အိန္ဒိယ ကမ်း​ခြေ​စောင့်​ ​ရေတပ်က ​တွေ့​ရှိကယ်ဆယ်ခံထား​ရတာပါ။

မြန်မာ​ရေလုပ်သား​တွေကို အိန္ဒိယနိုင်ငံ ပို့​ဘလဲမြို့​မှာ ကယ်ဆယ်​ရေး​စခန်း​ ဖွင့်​လှစ်​စောင့်​ရှောက်​ပေး​ထား​ပြီး​ ​နေရပ်ပြန်ပို့​နိုင်​ရေး​ကိစ္စ မြန်မာနဲ့​အိန္ဒိယ အစိုး​ရတာဝန်ရှိသူ​တွေ လအတန်ကြာ ညှိနှိုင်း​အပြီး​မှာ ​လေကြာင်း​က​နေ ပြန်လည်​ရောက်ရှိလာနိုင်ခဲ့​တာပါ။

အိန္ဒိ​ရောက်မြန်မာ​ရေလုပ်သား​ ၁၃၅ ဦး​အနက် ပထမအသုတ်အဖြစ် အ​ယောက် ၇၀ မ​နေ့​က ပြန်လည်​ရောက်ရှိလာပြီး​ ဒီက​နေ့​ ​နောက်ထပ် ၆၅ ဦး​ ​ရောက်လာဖို့​ရှိတယ်လို့​ ​ရေလုပ်သား​တွေကို ​နေရပ်ပြန်​ရေး​အကူအညီ​ပေး​နေတဲ့​ မြန်မာငါး​လုပ်ငန်း​အဖွဲ့​ချုပ်က ​ပြောပါတယ်။

မြန်မာ​ရေလုပ်သား​တွေ​နေရပ်ပြန်​ရေး​ ညှိနှိုင်း​ခဲ့​ရပုံနဲ့​ပတ်သက်ပြီး​ ငါး​လုပ်ငန်း​အဖွဲ့​ချုပ်ရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​ဝင်း​ကြိုင်က ခုလိုရှင်း​ပြပါတယ်။

“သူတို့​ ​မျောသွား​ပြီး​တော့​ ဟို​ရောက်တယ်၊​ ဟိုက ဆယ်တယ်၊​ ဆယ်ပြီး​တော့​မှ မြန်မာသံရုံး​ကို အ​ကြောင်း​ကြား​တယ်။ တခါသံရုံး​ကသွား​ပြီး​ စစ်တယ်။ မြန်မာနိုင်ငံသား​ ဟုတ်မဟုတ် ဆိုတဲ့​ဟာမျိုး​ပေါ့​။ အတည်ပြုချက်​တွေ ဘာ​တွေ ယူရတာကိုက ၅ လ​လောက်ကြာတယ်။ သယ်ယူပို့​ဆောင်​ရေး​ အစီအစဉ်လုပ်ဖို့​ စီစဉ်တာ​တွေက အိန္ဒိယက သ​င်္ဘောနဲ့​ ပြန်ပို့​မယ်။ တခါ ကျ​နော်တို့​က ​လေယာဉ်ပျံနဲ့​ သွား​သယ်မယ် ဆိုတဲ့​ဟာ​တွေကို အဲဒီလို အစီအစဉ်​တွေကို ဒါ ကျ​နော်တို့​ ​နောက်ဆုံး​ အပြီး​သတ်ထိ​အောင် လုပ်ရတယ်ဆို​တော့​ နည်း​နည်း​လေး​ လွဲတာ​လေး​တွေနဲ့​ ကြန့်​ကြာမှု​လေး​တွေ ဖြစ်သွား​လို့​ဗျ။”

ပြန်​ရောက်လာတဲ့​ ​ရေလုပ်သား​တွေအများ​စုဟာ ဧရာဝတီတိုင်း​ကဖြစ်ပြီး​ ကျန်သူ​တွေက​တော့​ ရန်ကုန်၊​ ပဲခူး​၊​ မ​ကွေး​နဲ့​ တနင်္သာရီတိုင်း​တွေကဖြစ်ပါတယ်။

လတ်တ​လော ​ရေလုပ်သား​တွေကို ကြည့်​မြင်တိုင်မှာရှိတဲ့​ သာဓု​ကျောင်း​တိုက် ဓမ္မာရုံမှာထား​ရှိပြီး​ လူဝင်မူကြီး​ကြပ်​ရေး​၊​ သတင်း​တပ်ဖွဲ့​တွေနဲ့​ဆေး​အဖွဲ့​တွေက တဦး​ချင်း​ စိစစ်စစ်​ဆေး​မှု​တွေ ပြုလုပ်​ပေး​နေပြီး​ ​နေရပ်ကိုပြန်ပို့​ပေး​ဖို့​ သက်ဆိုင်ရာ စီစဉ်​နေပါတယ်။

ပြီး​ခဲ့​တဲ့​ ​ဖေ​ဖော်ဝါရီက​နေ မတ်လအတွင်း​ ကပ္ပလီနဲ့​မုတ္တမပင်လယ်​ကွေ့​မှာ ​လေပြင်း​တွေ ရုတ်တရက် ကျ​ရောက်လာပြီး​ ဖျာပုံမြို့​နယ်ထဲမှာ ကျား​ဖောင်ဖွဲ့​ငါး​ရှာ​နေတဲ့​ ​ရေလုပ်သား​တွေ ပင်လယ်ထဲ​မျောပါသွား​ခဲ့​တာပါ။

ဒီဖြစ်ရပ်မှာ ​ရေလုပ်သား​ပေါင်း​ ၁ ​သောင်း​ကျော်​လောက် ​ပျောက်ဆုံး​သွား​တာဖြစ်ပြီး​ ​နောက်ပိုင်း​မှာ ​ရေလုပ်သား​တွေကို ကိုကျွန်း​၊​ ဟိုင်း​ကြီး​ ကျွန်း​နဲ့​ ​ကော့​သောင်း​စတဲ့​ ​နေရာအသီး​သီး​မှာ ပြန်လည်ကယ်ဆယ်နိုင်ခဲ့​ပါတယ်။

မြန်မာပြည်ပိုင်နက်ကို​ကျော်သွား​တဲ့​ ​ရေလုပ်သား​တွေထဲက သီရိလင်္ကာ နိုင်ငံ​ရောက် ​ရေလုပ်သား​ ၁၄ ဦး​လည်း​ မကြာ​သေး​ခင်က ပြန်လည်​ရောက်ရှိလာခဲ့​ပါတယ်။

ငါး​လုပ်ငန်း​အဖွဲ့​ချုပ်က​တော့​ ဒီဖြစ်စဉ်မှာ ​ရေလုပ်သား​ ၂၅ ဦး​ ​သေဆုံး​တယ်လို့​ အတည်ပြုနိုင်ပြီး​ ၄၇၀ ​လောက် ​ပျောက်ဆုံး​နေဆဲပဲလို့​ အတည်ပြု​ပြောကြား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013