DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်ရာတွင် ပဋိပက္ခမဖြစ်ရေး ထိန်းသိမ်းရန် ကော်မရှင်သတိပေး
DVB
·
January 4, 2017
ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်ရာတွင် ပဋိပက္ခမဖြစ်ရေး ထိန်းသိမ်းရန် ကော်မရှင်သတိပေး
Donate to DVB

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကာလမှာ နိုင်ငံတည်ငြိမ်အေးချမ်းရေးဟာ အဓိကကျတာမို့  မိမိတို့ ပါတီကို ထောက်ခံအားပေးကြတဲ့ ပြည်သူတွေအချင်းချင်း ပဋိပက္ခမဖြစ်အောင် ထိန်းသိမ်း လုပ်ဆောင်ကြဖို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ မနေ့က နေပြည်တော်မှာတွေ့ဆုံ ပြောခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း တရားမဲ့ပြုကျင့်တာတွေ မဖြစ်စေဖို့ ထိန်းသိမ်းလုပ်ဆောင်ကြဖို့လည်း ပြောပါတယ်။

“မဲဆွယ်စည်းရုံးခြင်း ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရန် ကျင့်ဝတ်နှင့်အညီ လေးစားလိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲ ကာလအတွင်း တည်ငြိမ်အေးချမ်းရေးသည် အဓိကကျသည်နှင့်အညီ မိမိတို့ ပါတီကို ထောက်ခံအားပေးကြသည့် ပြည်သူများကို ပဋိပက္ခမဖြစ်အောင် ထိန်းသိမ်းဆော်သြဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။”

ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ဖို့၊  မဲဆွယ်စည်းရုံးရေးကာလနဲ့  ရွေးကောက်ပွဲကာလတစ်လျှောက် တည်ငြိမ်အေးချမ်းဖို့အတွက် နိုင်ငံရေးပါတီတွေ အနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်း  ကော်မရှင်ဥက္ကဋ္ဌက တိုက်တွန်းသွားပါတယ်။

ဧပြီ ၁ ရက် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ် ၁၉ နေရာအတွက် နိုင်ငံရေးပါတီ ၂၄ ခုနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် စုစုပေါင်း ၉၅ ဦး ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေဟာ အခုလကုန် ဖန်န၀ါရီ ၃၀ ရက်ကနေ မတ်လ ၃၀ ရက်အထိ မဲဆွယ်စည်းရုံးခွင့်ရရှိကြမှာဖြစ်ပြီး ရွေးကောက်ပွဲကုန်ကျစရိတ်တွေကိုလည်း ကော်မရှင်ထံ တင်ပြကြရမှာ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းကိုတော့ တအိမ်တက်ဆင်းစနစ်နဲ့ ကော်မရှင်က ပြုစုဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အထိ သက်ဆိုင်ရာမဲဆန္ဒနယ်မြေတွေမှာ ကပ်ထားဖို့ရှိပါတယ်။

ရွေးကောက်ပွဲဝင်ကြမယ့် ပါတီ ၂၄ပါတီထဲမှာ ကြံ့ခိုင်ရေးပါတီတခုပဲ လစ်လပ်နေရာ ၁၉ ခုစလုံး ၀င်ပြိုင်မှာဖြစ်ပြီး အန်အယ်လ်ဒီကတော့ ၁၈ နေရာဝင်ပြိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှာ ကိုယ်စားလှယ်လောင်း ၉ ဦးထိ အများဆုံး ၀င်ပြိုင်ကြမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013