DVB Logo
Home
မြန်မာသတင်း
လူမှုကွန်ရက် ဗီဒီယိုဖိုင်တွင် ရွာသားများကို ရိုက်ခဲ့သည့် ရဲများကို အရေးယူထား
DVB
·
January 4, 2017
လူမှုကွန်ရက် ဗီဒီယိုဖိုင်တွင် ရွာသားများကို ရိုက်ခဲ့သည့် ရဲများကို အရေးယူထား
Donate to DVB

 

လူမှုကွန်ရက်မှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲက မောင်တောဒေသခံ ရွာသားတွေကို ရိုက်နှက် ကန်ကျောက်ခဲ့ကြတဲ့ ရဲတွေကို အရေးယူထားတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပါတယ်။

မောင်တောက ရွာသားတွေကို ရိုက်နှက်ကန်ကျောက်ခဲ့ကြတဲ့ ရဲမှူးတဦး အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ခဲ့တာပါ။

ဗီဒီယိုဖိုင်ထဲက ဖြစ်စဉ်မှာပါဝင်တဲ့ ကြီးကြပ်ကွပ်ကဲမှု တာဝန်ရှိသူ ရဲမှူးရဲထွန်းနိုင်၊ ဒုရဲအုပ်တေဇာလင်း၊ ဒုရဲအုပ်ထွန်းလင်းလှိုင်၊ ဗီဒီယိုရိုက်ကူးခဲ့သူ ရဲတပ်သားဇော်မျိုးထိုက်၊ ကျေးရွာသားများကို ရိုက်နှက် ကန်ကျောက်ခဲ့ကြတဲ့ ရဲတပ်သား ပြည့်ဖြိုးသွင်၊ ရဲတပ်သားနန္ဒာမင်း၊ ရဲတပ်သားမိုးနိုင်၊ ရဲတပ်သား မောင်အေးမြတို့ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထိရောက်စွာအရေးယူတာဖြစ်ပါတယ်။

လူမှုကွန်ရက် စာမျက်နှာတခုမှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုဖိုင်တခုမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အချို့က ကျေးရွာသားအချို့အား ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်နှင့် ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းပြီး စစ်ဆေးတွေ့ရှိမှုကို ပြည်ထဲရေးဝန်ကြီးဌာနက ဇန်န၀ါရီ ၃ ရက်မှာ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ရက်က လူမှုကွန်ရက်မှာလွှင့်တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ ရဲတပ်ဖွဲ့ဝင်တွေက ရွာသားတွေကို ရိုက်နှက်ကန်ကျောက်ခဲ့တာ တွေ့မြင်ခဲ့ရပါတယ်။

ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်လို့ ပြည်ထဲရေးက စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်ဆေးခဲ့ရာမှာ ဒီ ဖြစ်စဉ်ဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၅ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်၊

ဒီ မတိုင်မီ နိုဝင်ဘာ ၃ ရက်မှာ အကြမ်းဖက်တိုက်ခိုက်သူ ခြောက်ဦးဟာ မောင်တော အလယ်သံကျော်လမ်းအတိုင်း ဆိုင်ကယ်သုံးစီးနဲ့  မောင်တောမြို့နယ် နိုရူလာရဲကင်းစခန်း ဝင်ပေါက် အနီးရပ်တန့်ကာ ဆိုင်ကယ်ပေါ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်တာကြောင့် ကင်းတာဝန်ကျ ရဲဒုတပ်ကြပ် မင်းမင်းစိုးတွင် သေနတ်ထိမှန်ဒဏ်ရာနဲ့ ကျဆုံးခဲ့ပြီး ရဲတပ်ကြပ် မျိုးဇော်ကို ဒဏ်ရာ ရခဲ့တယ်။

ဒီ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေဟာ ကိုးတန်ကောက်ကျေးရွာထဲကို ထွက်ပြေးတိမ်းရှောင် သွားတယ်လို့ သတင်းရတဲ့အတွက် ရဲတပ်ဖွဲ့က နိုဝင်ဘာ ၅ ရက်မှာ ရွာထဲဝင်ပြီး ဝင်ရောက်ရှင်းလင်း ခဲ့တယ်။

ကျေးရွာလူထုကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ဘာသာရေးခေါင်းဆောင်များက အသံချဲ့စက်ဖြင့် ကြိုတင်ကြေညာပြီး ရွာ မြေကွက်လပ်နေရာမှာ စုဝေးကြရန် ဆော်သြခဲ့သော်လည်း အများစုက လာရောက်စုစည်းကြပြီး အချို့ကထွက်ပြေးတယ်။

အချို့မှာလည်းအိမ်တွင်း အလုံပိတ်ခန်းများမှာ ပုန်းအောင်းနေတဲ့အတွက် ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာမှာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုများ ရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013