DVB Logo
Home
မြန်မာသတင်း

လွတ်လပ်ရေးနေ့ကြိုဆို အမှိုက်ကောက်ပွဲ မုံရွာမြို့တွင် ပြုလုပ်

DVB
·
January 3, 2017
Donate to DVB

ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်မယ့် ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်မှာ မြို့ခံတွေက အမှိုက်ကောက် သန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါ အမှိုက်ကောက်ပွဲကို ချမ်းမြဝတီရပ်ကွက်ရုံးရှေ့မှာ စတင်ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး မြို့တွင်းရှိ ဗန္ဓုလလမ်း၊ အနော်ရထာလမ်းနဲ့ တိုင်းရင်းဆေးရုံလမ်းတွေတလျှောက်ရှိ ရပ်ကွက်နေရာအနှံ့မှာ အမှိုက်ကောက်၊ အမှိုက်ရှင်းလင်းတာတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

ယခုလို လွတ်လပ်ရေးနေ့အကြို အမှိုက်ကောက်တဲ့လှုပ်ရှားမှုကို မုံရွာမြို့မှာရှိတဲ့ လူမှုရေးအသင်းအဖွဲ့ဝင်တွေ အပါအဝင် ဒေသခံ ၁၀၀ ကျော်ခန့်က စုပေါင်းပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

မုံရွာမြို့မှာ ခုလို လွတ်လပ်ရေးနေ့အကြို အမှိုက်ကောက် သန့်ရှင်းရေးလုပ်တာဟာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပြီးတော့ နောက်နှစ်တွေမှာလည်း ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013