DVB Logo
Home
မြန်မာသတင်း
ကြိုတင်​မဲ​ပေးခွင့်တောင်းထားသည့် ပြည်​ပ​ရောက်​ မြန်​မာ ၃၅၀ ကျော်ရှိ
DVB
·
January 3, 2017
ကြိုတင်​မဲ​ပေးခွင့်တောင်းထားသည့် ပြည်​ပ​ရောက်​ မြန်​မာ ၃၅၀ ကျော်ရှိ
1 / 5
Donate to DVB

 

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာမဲပေးဖို့  ပုံစံ ၁၅ နဲ့ ကြိုတင်မဲဆန္ဒမဲပေးခွင့် တင်ပြထားတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသား ၃၅၀ကျော်ရှိတယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ပြောပါတယ်။

ဒီကနေ့ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ နိုင်ငံရေးပါတီတွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ တွေ့ဆုံပွဲမှာ ပြောသွားတာပါ။

ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက“ပြည်တွင်းကတော့ ကောက်နေတုန်း၊ ပြည်ပကတော့ ပြီးသွားပြီ။ အခုနောက်ဆုံးစာရင်းအရ ကြိုတင်မဲပေးဖို့ ပုံစံ ၁၅ တင်ထားတဲ့ ပြည်ပရောက်မြန်မာ ၃၅၇ ဦးရှိတယ်။ မဲပေးခွင့်ကတော့ ဒီစာရင်းအတိုင်း ဖြစ်ချင်လည်းဖြစ်မယ်၊ လျော့ရင်လည်းလျော့သွားမယ်” လို့ ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးမယ့်သူတွေအနေနဲ့ မဲပြားမှာ ဘောပင်နဲ့သာ အမှန်ခြစ်ပေး ဆန္ဒပြုရမှာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ဒီကနေ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ အချက်လက်တွေကို ဆွေးနွေးခဲ့ကြပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေနဲ့ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းတွေက ရွေးကောက်ပွဲအတွက် အကြံပြု ဆွေးနွေးခဲ့ကြပါတယ်။

ဧပြီ ၁ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီ ၂၄ ပါတီနဲ့  တသီးပုဂ္ဂလ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းပေါင်း ၉၆ ဦး တင်သွင်းခဲ့ပြီး ၁ ဦး ပယ်ချခံခဲ့ရတဲ့အတွက် ၉၅ ဦးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီတွေထဲမှာတော့  ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် လောင်း ၁၉ ဦးနဲ့ အများဆုံးဖြစ်ပြီး အန်အယ်လ်ဒီပါတီက ၁၈ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ၇ ဦး၊ ရှမ်းတိုင်းရင်း သားများဒီမိုကရက်တစ်ပါတီက ၇ ဦး၊ အမျိုးသားတိုးတက်ရေးပါတီက ၆ဦး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ၅ဦး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)က ၄ ဦး၊ တိုင်းရင်း သားစည်းလုံး ညီညွတ်ရေးပါတီက ၃ ဦး၊ ရခိုင်အမျိုးသား ပါတီက ၂ဦးနဲ့ တသီးပုဂ္ဂလ ၇ ဦး စသဖြင့် ၀င်ပြိုင်ကြမှာပါ။

ဒီကြားဖြတ်ရွေးကောက်ပွဲဟာ   ပြည်သူ့လွှတ်တော်အတွက် လစ်လပ် မဲဆန္ဒနယ် ၉ နေရာ၊ အမျိုးသားလွှတ်တော်အတွက် လစ်လပ် မဲဆန္ဒနယ် ၃ နေရာနဲ့ ပြည်နယ်လွှတ်တော်အတွက် လစ်လပ် မဲဆန္ဒနယ် ၇ နေရာ စုစုပေါင်း ၁၉ နေရာအတွက် ကျင်းပမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ  - အောင်ကိုကိုလတ်/ အောင်ဆန်းဦး

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013