DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲအတွက် မုံရွာတွင် မဲပေးခွင့်ရှိသူ ၂ သောင်းခန့် လျော့နည်း
DVB
·
January 3, 2017
ကြားဖြတ်ရွေးကောက်ပွဲအတွက် မုံရွာတွင် မဲပေးခွင့်ရှိသူ ၂ သောင်းခန့် လျော့နည်း
Donate to DVB

၂၀၁၇ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးချယ်ခံကြမယ့် မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇန်နဝါရီ ၂ ရက်နေ့က မုံရွာခရိုင် ကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ပါတယ်။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် လစ်လပ်နေရာအတွက် အန်အယ်လ်ဒီပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ တစညပါတီ၊ ပြည်သူ့ဒီမိုကရေစီပါတီ စတဲ့ ပါတီအသီးသီးမှ ရွေးချယ်ထားတဲ့ ပါတီကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မုံရွာမှာ မဲပေးခွင့်ရှိသူ ၂၅၉၄၇၀ ဦး ရှိခဲ့ပေမယ့် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ မဲပေးပိုင်ခွင့်ရှိသူ ၂၃၉၆၇၅ ဦးရှိပြီး မနှစ်ကထက် လျော့နည်းလာကာ မဲရုံအရေအတွက်အားဖြင့် ၁၅၉ ရုံ ရှိပါတယ်။

မဲပေးနိုင်သူဦးရေ လျော့နည်းလာတာက ဝန်ထမ်းတွေ အပြောင်းအရွှေ့ကြောင့်၊ အကျဉ်းကျခံရသူတွေ လွတ်မြောက်မှုကြောင့်၊ သေဆုံးသွားသူတွေကြောင့် လျော့နည်းရတာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - အောင်ကိုလတ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013