DVB Logo
Home
မြန်မာသတင်း
နမ္မတူစစ်ရှောင်ပြည်သူ ၁၀၀၀ ကျော် နေရပ်မပြန်နိုင်သေး
DVB
·
January 2, 2017
နမ္မတူစစ်ရှောင်ပြည်သူ ၁၀၀၀ ကျော် နေရပ်မပြန်နိုင်သေး
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ် မိုင်းမော်ဒေသမှာ လွန်ခဲ့တဲ့ ၆ လလောက်က ဖြစ်ပွါးတဲ့ တိုက်ပွဲကြောင့် နမ္မတူမြို့ပေါ် တိမ်းရှောင်လာတဲ့ ရွာသားပေါင်း ၁၀၀၀ ကျော်ဟာ ဒီနေ့ထိ အိမ်မပြန် နိုင်သေးဘဲ အလှူရှင်တွေရောက်မလာလို့ အကူအညီတွေလည်း လိုအပ်နေပါတယ်။

လက်ရှိ နမ္မတူမြို့ပေါ် ရွှေမြင်သာကျောင်းတိုက်၊   ရပ်ကွက် ၈ က လီဆူဒုက္ခသည်စခန်း နဲ့ နမ္မတူခရစ်  ယာန်ဘုရား ရှိခိုးကျောင်း ၃ ခုမှာ မိသားစုပေါင်း ၃၁၁ စု၊ လူဦးရေ ၁၂၃၂ ဦးတို့ ၀င်ရောက်ခိုလှုံနေပြီး  နေရင်းရွာ ပြန်လို့မရသေးတဲ့ အခြေအနေရှိတာကြောင့် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတာလို့ ဒုက္ခသည်တွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ဒီဗွီဘီကို ပြောပါတယ်။

“ပြီးခဲ့တဲ့ ၃၁ ရက်နေ့ နှစ်ဆုံးရက်က ကျနော်တို့ နမ္မတူမြို့က စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေ ရောက်ခဲ့တယ်။ သူတို့က ပြီးခဲ့တဲ့ ၆ လပိုင်းတုန်းကစပြီး ရောက်လာကြတာ၊ တဲထိုးပြီး မိုးကာမိုးနဲ့ နေကြတယ်။ လူများတော့ ကျဉ်းကျဉ်းကြပ်ကြပ်နေရတယ်၊ ကျန်းမာရေးလည်း မညီညွတ်ဘူး၊၊ သူတို့မှာ နဂိုကတည်းက ဆင်းရဲကြတယ်။ ဘာမှဖွံ့ဖြိုးမှုမှ မရှိဘူး။ ဒီကြားထဲ တိုက်ပွဲဒဏ်ခံရတော့ ပိုဆိုးတယ်။ အဖွားကြီးတယောက်ဆို ကျနော့ကို ငိုပြီးပြောတယ်၊ သူ့သားကို တီအန်အယ်လ်အေက ခေါ်သွားပြီး ရိုက်တယ်ပေါ့၊  ဒီရောက်တော့လည်း ဒုက္ခရောက်နေတာဘဲ၊ ရောက်စတုန်းကတော့ နမ္မတူမြို့က အလှူရှင်တွေထောက်ပံ့ကြတယ်။ အခုက တော်တော်ကြာပြီဆိုတော့ ရေရှည်မထောက်ပံ့ နိုင်တော့ ဘူး။ အဲန်ဂျီအိုတွေ အိုင်အဲင်ဂျီအိုတွေ တချို့ထောက်ပံ့တာ ရှိတယ်။ ဒါပေမယ့် နမ္မတူမှာ တိုက်ပွဲတွေ ခဏ ခဏဖြစ်နေတော့ တချို့အလှူရှင်လည်း မလာရဲကြဘူး။ ကျနော်တို့ သွားကြည့်တုန်းက လောလောဆယ် စားဖို့တော့ရှိတယ်။ ဒါပေမယ့် သူတို့နေတာက ဘုန်းကြီးကျောင်းနားမှာ၊ ယာယီတဲတွေလည်း မခိုင်တော့ဘူး။ မိုးကာတွေ စုတ်ပြဲနေပြီ၊ ဒုက္ခသည်ကူညီရေးကော်မတီက သူတို့ကိုဒီထက်ခိုင်ခံ့တဲ့ တန်းလျားတွေ ဆောက်ပေးချင်တယ်။ အဲဒီအတွက် အကူအညီလိုတယ်လို့ ပြောပါတယ်ခင်ဗျ။”

သူတို့တတွေဟာ နမ္မတူမြို့နယ်  မိုင်းယုတ်၊ နမ့်ဟိုင်း၊ နောင်ဆိုင်း စတဲ့ ကျေးရွာအုပ်စု ၃ ခု ရွာပေါင်း ၉ ရွာက ရောက်လာတာဖြစ်ပြီး  လောလောဆယ် အဲဒီဘက်မှာ တီအန်အယ်လ်အေ တအာန်းတပ်နဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲတွေ မကြာခဏဖြစ်နေတာကြောင့်လည်း ရွာမပြန်နိုင်သေးတာ ဖြစ်ပါတယ်။

နမ္မတူ စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီလိုသူတွေအနေနဲ့  ဦးစိုင်းဘဉာဏ် (နမ္မတူဒုက္ခ သည်ကူညီရေးကော်မတီ) ဖုန်းနံပါတ် ၀၉-၄၀၀၅၀၃၆၆၄ ဒါမှမဟုတ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်  နန်းခမ်းအေး (ဖုန်း - ၀၉ ၃၆၂၉ ၀၉၃၀ ) နဲ့ နန်းစံဟွမ် (ဖုန်း - ၀၉ ၉၇၄၈ ၇၄၆၃၆ ) တို့ကနေတဆင့် ဆက်သွယ်ကူညီနိုင်တယ်လို့  ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013