DVB Logo
Home
မြန်မာသတင်း
ရွှေကျင်ဆရာ​တော်ဘုရား​ကြီး​ကို ထိုင်း​နိုင်ငံက ဂုဏ်ထူး​ဆောင်ပါရဂူဘွဲ့​ချီး​မြှင့်
DVB
·
November 24, 2011
ရွှေကျင်ဆရာ​တော်ဘုရား​ကြီး​ကို ထိုင်း​နိုင်ငံက ဂုဏ်ထူး​ဆောင်ပါရဂူဘွဲ့​ချီး​မြှင့်
Donate to DVB

မန္တ​လေး​တောင်​မြောက်ဘက်က မဟာဓမ္မိကာရာမ ​ရွှေကျင်တိုက်မကြီး​မှာ ​ရွှေကျင်နိကာယသံဃရာဇာ ​ရွှေကျင်သာသနာပိုင် သက်​တော်ရှည် ဝါဆိုဆရာ​တော်ဘုရား​ကြီး​ကို ထိုင်း​နိုင်ငံ သံဃမဟာနာယကအဖွဲ့​ ဥက္ကဋ္ဌ ဆရာ​တော်က ဂုဏ်ထူး​ဆောင်ပညာပါရဂူ Ph.D ဘွဲ့​ ချီး​မြှင့်​ဆက်ကပ်ပါတယ်။

ထိုင်း​နိုင်ငံ မဟာချူလာ​လောင်ကွန်း​တက္ကသိုလ်က ချီး​မြှင့်​တာဖြစ်ပြီး​ပါ​မောက္ခချုပ် ဆရာ​တော် ​ဒေါက်တာဓမ္မ​ဃောသာစရိယက ထိုင်း​နိုင်ငံသာသာနာပိုင် ကိုယ်စား​ မ​နေ့​က လာ​ရောက်ဆက်ကပ်တာပါ။

ထိုင်း​နိုင်ငံက ထိုင်း​နိုင်ငံ မဟာချူလာ​လောင်ကွန်း​ တက္ကသိုလ်က ပါ​မောက္ခ၊
ကထိက သံဃာ​တော်များ​၊​ မန္တ​လေး​တိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ် ဦး​ရဲမြင့်​နဲ့​ ဝန်ကြီး​၊​ အလှူရှင်​တွေနဲ့​ ဧည့်​သည်​တော်​တွေ အခမ်း​အနား​ကို တက်​ရောက်ကြပါတယ်။

ရွှေကျင်သာသနာပိုင် သက်​တော်ရှည် ဝါဆိုဆရာ​တော်ဘုရား​ကြီး​ဟာ ၁၄ ဆက်​မြောက် ​ရွှေကျင်သာသနာပိုင် ဖြစ်ပါတယ်။ ဆုကို ပရိယတ်ပဋိပတ် ကိစ္စ​တွေကို ​ဆောင်ရွက်​နေတဲ့​ ဆရာ​တော်​တွေကို လှူဒါန်း​တာဖြစ်ပါတယ်။

ဒီဆုချီး​မြှင့်​ခံရတဲ့​ မြန်မာသံဃာ​တော် ၆ ပါး​ရှိသွား​ပြီဖြစ်ပါတယ်။ ထိုင်း​နိုင်ငံမှာ သာသနာပြု​နေတဲ့​ ဆရာ​တော် ၂ ပါး​နဲ့​ မြန်မာပြည်က ဆရာ​တော် ၄ ပါး​ဖြစ်ပါတယ်။

၁။ ထိုင်း​နိုင်ငံ ချွန်ဘူရီမြို့​ ဝပ်​ဝေကာရာမ်တရား​ရိပ်သာမှ ကမ္မဋ္ဌာန်း​ပြဆရာ​တော် ဦး​အာသဖ ကမ္မဌာနာစရိယ (ပျံလွန်​တော်မူ)

၂။ ထိုင်း​နိုင်ငံ လန်း​ပန်း​မြို့​ ဝပ်ထာ့​မအိုး​ (မြန်မာ) ​ကျောင်း​တိုက်မှ ပရိယတ္တိစာပြဆရာ​တော် ဦး​ဓမ္မာနန္ဒ အဂ္ဂမဟာပဏ္ဍိတ ( လက်ရှိဆရာ​တော်)

၃။ မြန်မာနိုင်ငံ၊​ ရန်ကုန်မြို့​ ကမ္ဘာ​အေး​ဂန္ဓာရုံ​ကျောင်း​တိုက် တိပိဋကဆရာ​တော် ဦး​သုမင်္ဂလာလင်္ကာရ (ပျံ​တော်မူ)

၎။ မြန်မာနိုင်ငံ စစ်ကိုင်း​တိုင်း​က သီတဂူဆရာ​တော် ဦး​ဥာဏိဿရ (လက်ရှိ)

၅။ မြန်မာနိုင်ငံ စစ်ကိုင်း​မင်း​ကွန်း​မှ တိပိဋကဆရာ​တော် ဦး​ဂန္ဓမာလင်္ကာရ (လက်ရှိ)

၆။ မြန်မာနိုင်ငံ မန္တ​လေး​ဝိသုဒ္ဓါရုံ​ကျောင်း​ ဝါဆို​ဆောင် လက်ရှိ​ရွှေကျင်သာသနာပိုင် ဦး​အဂ္ဂိယ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013