DVB Logo
Home
မြန်မာသတင်း
တီဘီရောဂါ သံသယရှိသူတိုင်း ကျန်းမာရေးဌာနတွင် စစ်ဆေးရန် တိုက်တွန်း
DVB
·
January 2, 2017
တီဘီရောဂါ သံသယရှိသူတိုင်း ကျန်းမာရေးဌာနတွင် စစ်ဆေးရန် တိုက်တွန်း
Donate to DVB

တီဘီရောဂါဖြစ်ပွားသူတွေကို ခန့်မှန်းထားသလောက် မတွေ့ရသေးလို့ သံသယရှိသူတိုင်း ကျန်းမာရေးဌာနတွေကို သွားရောက်စစ်ဆေးကြဖို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူးက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ တီဘီဖြစ်ပွားနှုန်း မြင့်တဲ့နိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှမှာ စတုတ္ထ အဖြစ်အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိတော့ ခန့်မှန်းထားသလောက် ရောဂါသည်တွေ မတွေ့ရသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းလွင်က ပြောပါတယ်။

ချောင်းဆိုးတာ နှစ်ပတ်ရှိနေပြီဆိုရင်တော့ တခြားလက္ခဏာတွေကို မစောင့်တော့ဘဲနဲ့ အနီးဆုံး ကျန်းမာရေးဝန်ထမ်းတွေကို သွားရောက်ပြသဖို့ သူက တိုက်တွန်းပါတယ်။

“ပုန်းကွယ်လူနာတွေ ရှိနေတယ်။ ကုမယ့်ဆေးလည်း ရှိတယ်။ အဓိက ကတော့ လူနာတွေ့ဖို့ပဲ” လို့ သူက ပြောပါတယ်။

ကျန်းမာရေးဌာနကို မသွားရင်တောင်မှ ကျန်းမာရေးဝန်ထမ်းတွေဆီမှာ သလိပ်ခွက်တောင်းယူပြီး စစ်ဆေးနိုင်တယ်လို့လည်း သူက ပြောပါတယ်။

ဒေါက်တာဝင်းလွင်က “မြို့နယ်တိုင်းမှာ တီဘီကုသနိုင်ပြီး လူနာတွေအတွက် ကုသပေးရုံတင်မက စိတ်ဓာတ်ပိုင်းရော၊ အာဟာရအတွက်ရော ထောက်ပံ့ပေးပါတယ်” လို့ ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ဆေးယဉ်ပါးတီဘီရောဂါသည်တွေ တွေ့ရတာ တော်တော်များတယ်လို့လည်း သူက ဆိုပါတယ်။

“ရိုးရိုးတီဘီကို ကုရင်းကုရင်း ဆေးမတိုးတဲ့တီဘီ ဖြစ်သွားတာတော့ အများဆုံးပေါ့။ ဒါပေမယ့် စစချင်း ဖြစ်ကတည်းက ဆေးမတိုးတဲ့တီဘီ ဖြစ်တာကလည်း လူနာအသစ် ၁၀၀ မှာ ၅ ယောက်နှုန်း တွေ့ရတာကလည်း ကြောက်မက်ဖွယ်တွေ့ရတာပေါ့။”

မြန်မာနိုင်ငံမှာ နှစ်စဉ် လူဦးရေ ၉၀၀၀ လောက် ဆေးယဉ်ပါးတီဘီရောဂါ ကူးစက်ခံနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ တစ်နိုင်ငံလုံးမှာတော့ ရန်ကုန်တိုင်းဟာ ကူးစက်ခံရနှုန်း အမြင့်ဆုံးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013