DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီဖက်ဒရယ်နိုင်ငံ ထူထောင်မည်ဟု သမ္မတနှင့် ဗိုလ်ချုပ်မှူးကြီး ပြော
DVB
·
January 1, 2017
ဒီမိုကရေစီဖက်ဒရယ်နိုင်ငံ ထူထောင်မည်ဟု သမ္မတနှင့် ဗိုလ်ချုပ်မှူးကြီး ပြော
Donate to DVB

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံကြီး ပေါ်ထွန်းရေးအတွက် ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမယ်လို့ သမ္မတဦးထင်ကျော်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က နှစ်သစ်ကူးစကား ပြောလိုက်ကြပါတယ်။

သမ္မတဦးထင်ကျော်၊ ဒုတိယသမ္မတတွေဖြစ်ကြတဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က ၂၀၁၇ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားခဲ့ကြပြီး သမ္မတနဲ့ ဗိုလ်ချုပ်မှူးကြီးတို့က ခုလို တညီတည်း ပြောခဲ့ကြတာ ဖြစ်ပါတယ်။

ဦးထင်ကျော်က "နိုင်ငံတော်အစိုးရအနေနဲ့ ၂၀၁၆ ခုနှစ်အတွင်း တာဝန်ယူခဲ့တဲ့ ၉ လတာကာလ တလျှောက်မှာ တိုင်းပြည်အကျိုးအတွက် ရည်ရွယ်ချမှတ်ထားတဲ့ မူဝါဒများဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖြစ်ပေါ်ရေး၊ ပြည်သူတို့ရဲ့ လူနေမှုဘဝများ တိုးတက်မြင့်မားရေးတို့အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အခုအခါမှာတော့ ဖော်ပြခဲ့တဲ့မူဝါဒများ အောင်မြင်ရေးအတွက် အခြေခံအနေအထားတွေကို ပျိုးထောင်တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် လာမယ့် ၂၀၁၇ ခုနှစ် နှစ်သစ်အတွင်းမှာ ဒီမူဝါဒတွေ ပီပြင်စွာ အကောင်အထည်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်” လို့ နှုတ်ခွန်းဆက် ပြောပါတယ်။

အလားတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း “၂၀၁၇ ခုနှစ်ကာလမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံကြီး ပေါ်ထွန်းရေးတို့အတွက် တပ်မတော်အနေနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် သူက တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူတွေကြောင့် ကချင်၊ ရှမ်းနဲ့ ရခိုင်ဒေသတွေ တည်ငြိမ်မှု ပျက်ပြားခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

ဒုတိယသမ္မတ ဦးမြင့်ဆွေက တိုင်းရင်းသားပြည်သူတရပ်လုံး မျှော်လင့်တောင့်တနေတဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိပြီး ငြိမ်းချမ်းရေးရရှိတာနှင့်အမျှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဘက်ဘက်က လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ပြီး အဲဒီအသီးအပွင့်တွေကို တိုင်းရင်းသား ပြည်သူအားလုံး မျှမျှတတ ခံစားရပါစေလို့ တောင်းဆုခြွေခဲ့ပါတယ်။

ဦးဟင်နရီဗန်ထီးယူကတော့ ယခုနှစ်သစ်ဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းတွေ သယ်ဆောင်လာမှာဖြစ်သလို စိန်ခေါ်မှုတွေကိုလည်း မျှော်လင့်ထားကြရဦးမှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

မနှစ်က နှစ်သစ်ကူးစကားပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီနှစ်မှာ နှစ်သစ်ကူးစကား မပြောခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013