DVB Logo
Home
မြန်မာသတင်း
ဟိုတယ်အခန်းတွင်း ချစ်သူမိန်းကလေးကိုသတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွား
DVB
·
January 1, 2017
ဟိုတယ်အခန်းတွင်း ချစ်သူမိန်းကလေးကိုသတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွား
Donate to DVB

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ Royal Treasure Guest House အခန်းတခုထဲမှာ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက အမျိုးသားတဦးဟာ ချစ်သူမိန်းကလေးကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ကာ သူ့ကိုယ်သူလည်း ဓားနဲ့ထိုးပြီး အဆုံးစီရင်သွားခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူ အသက် ၂၁ နှစ်အရွယ် မစန္ဒာ (ခ) စန်းရတနာဦးဟာ အဲဒီဟိုတယ်မှ ဧည့်ကြိုဝန်ထမ်းတဦးဖြစ်ပြီး ညပိုင်း ၇း၃၀ နာရီအချိန်က ခြောက်လွှာမှ အခန်းအမှတ် (၆-C) မှာ ချစ်သူဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် ရဲဝင်းနဲ့ ချိန်းတွေ့စဉ် ခုလို သေဆုံးသွားခဲ့တာပါ။

ဖြစ်စဉ်ကို ဗဟန်းမြို့နယ် ရဲစခန်းမှ လာရောက်စစ်ဆေးခဲ့ချိန်မှာ မစန္ဒာဦး (ခ) စန်းရတနာဦးမှာ လက်ဝဲရင်အုံ ထိုးသွင်းဒဏ်ရာ ၇ ချက်၊ ယာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ ၆ ချက် အပါအဝင် ယာပါး၊ နဖူး၊ ယာလက်ကောက်ဝတ်၊ ဝဲလက်ဖျံ၊ ဝမ်းဗိုက်၊ ယာခါးစောင်းနဲ့ ပုခုံး ၂ ဘက်တွေမှာ ထိုးသွင်းဒဏ်ရာ စုစုပေါင်း ၂၂ ချက်နဲ့ သေဆုံးနေတာကို တွေ့ခဲ့ရပြီး အနီးမှာတော့ ကော်ရိုးတပ် အရိုးအသွား ၉ လက်မရှိ ဓားဦးချွန်တချောင်းကို တွေ့ရှိခဲ့ရတာပါ။

ဓားနဲ့ထိုးသတ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တဲ့ ရဲဝင်းမှာတော့ ဝဲရင်အုံထိုးသွင်းဒဏ်ရာ ၆ ချက်၊ ယာရင်အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်တို့နဲ့ သေဆုံးနေခဲ့တာလို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်ဟာ ချစ်သူမိန်းကလေးဖြစ်တဲ့ မစန္ဒာဦး (ခ) စန်းရတနာဦးက ရဲဝင်းကို အဆက်အသွယ် ဖြတ်လိုက်တာကြောင့် ဖြစ်တယ်လို့ သူတို့ ၂ ဦးရဲ့ ဖုန်းတွင်း အချေအတင်ပြောခဲ့ကြတဲ့ အသံဖိုင်မှတ်တမ်းတွေအရ သိရပါတယ်။

ရဲဝင်းက “အတ္တကြီးတာ နင့်ကို ငါချစ်လို့၊ မင်း ငါ့ကို ထားမသွားပါနဲ့လို့ မင်း အရင်က ပြောဖူးတယ်နော်။ ငါ ဘယ်တော့မှ မထားခဲ့ဘူးလို့ ကတိပေးခဲ့တယ်။ ထားသွားရင်လည်း ဘာလုပ်မလဲဆိုတာ မိန်းမ သိတယ်နော်။ မိန်းမလည်း ကိုယ့်ကို ပြောခဲ့ပါတယ်။ လွယ်လွယ်နဲ့ လမ်းခွဲပေးမယ်ထင်လား၊ နင့်ကို ငါမခွဲနိုင်ဘူး။ နင့်ကိုချစ်ခဲ့တာ ဒီလိုမဟုတ်ဘူး” လို့ ပြောခဲ့တာပါ။

လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူ ရဲဝင်း ကိုင်ဆောင်တဲ့ Vivo အမျိုးအစားဖုန်း အပါအဝင် သက်သေခံပစ္စည်းတွေကို သိမ်းဆည်းထားပြီး မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေနဲ့အတူ ဗဟန်းမြို့မရဲစခန်းမှာ သေမှုသေခင်းဖြစ်စဉ် အမှုဖွင့်ပြီး ပုဒ်မ-၃၀၂ နဲ့ အရေးယူဆောင်ရွက်ထားပါတယ်။

ဓာတ်ပုံ - Yangon Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013