DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ နှစ်သစ်ဆုတောင်း (ရုပ်သံ)
DVB
·
January 1, 2017
နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ နှစ်သစ်ဆုတောင်း (ရုပ်သံ)
Donate to DVB

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မြန်မာနိုင်ငံ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ တိုင်းပြည်မှာ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ခံစားရဖို့ စည်းလုံးညီညွတ်မှုတွေနဲ့ ဆောင်ရွက်သွားကြဖို့  နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ၉ လတာကာလမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြည်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုဖြစ်ပေါ်ရေး၊ ပြည်သူတို့ရဲ့ လူနေမှုဘဝ တိုးတက်မြင့်မားရေးတွေကို ၂၀၁၆ မှာ မူဝါဒတွေအတွက် ပျိုးထောင်တည်ဆောက်ခဲ့ကြောင်းနဲ့ ၂၀၁၇ မှာတော့ ဒီမူဝါဒတွေ ဆက်လက်ကြိုးပမ်း ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။

သမိုင်းကြောင်းအရ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ စည်းလုံးမှုတွေနဲ့ ဆောင်ရွက်ခဲ့တိုင်း ကြီးကြီးမားမား အကျိုးကျေးဇူးတွေ ခံစားရကြောင်း၊ စည်းလုံးညီညွတ်မှုရဲ့ ပြယုဂ်ဖြစ်တဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာကြောင့် တိုင်းပြည်မှာ ညီညွတ်မှုရလဒ်ဖြစ်တဲ့ လွတ်လပ်ရေးကို ရရှိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုချိန်လည်း ၂၁ ပင်လုံညီလာခံကနေ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြောင်းနဲ့ ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီစနစ်ဟူသည် အများပြည်သူတို့ရဲ့ ပူးပေါင်းပါဝင်မှုနဲ့သာ အောင်မြင်နိုင်တာဖြစ်လို့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာမှာလည်း နိုင်ငံသူနိုင်ငံသားတွေဟာလည်း ဒီမိုကရေစီစိတ်ဓာတ် ပြည့်ဝစွာနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ သမ္မတက ဆုမွန်ကောင်းကောင်းပြီး တိုက်တွန်းထားပါတယ်။

ရုပ်သံ - အမ်အိုအိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013