DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးကော်မရှင်နှင့် ဝ၊ မိုင်းလားတပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေး
DVB
·
December 31, 2016
ငြိမ်းချမ်းရေးကော်မရှင်နှင့် ဝ၊ မိုင်းလားတပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေး
Donate to DVB

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ယူဒဗလျူအက်စ်ပီ/ယူဒဗလျူအက်စ်အေ ခေါင်းဆောင် ဦးရှောက်မင်လျံ ဦးစီးအဖွဲ့တို့ ပန်ဆန်းမှာ တွေ့ဆုံခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးကော်မရှင် ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့အဖွဲ့နဲ့ ဝ တပ်ဖွဲ့တို့ ဒီဇင်ဘာ ၃၀ ရက်မနက်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ကော်မရှင်ဟာ မိုင်းလားတပ်ဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ မိုင်းလားအဖွဲ့ နိုင်ငံရေးအကြံပေး ဦးသန်းစိုးနိုင်က ပြောပါတယ်။

အစိုးရနဲ့ မြောက်ပိုင်းတပ်ဖွဲ့တို့ ဆွေးနွေးပွဲကို ဝ တပ်ဖွဲ့အနေနဲ့ ပုဏ္ဏားတိုင်အဖြစ် ပါဝင်စေဖို့ ဆွေးနွေးနေတာလို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။

“ဝကို ပုဏ္ဏားတိုင်လုပ်ပေးစေချင်တယ်၊ နှစ်ဘက်စလုံးရဲ့ဆန္ဒပဲ၊ အဲဒါအတွက် ညှိနေကြတာပဲ၊ တခုက မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဝအဖွဲ့ကို ကြားလူအဖြစ် ပါဝင်စေချင်တယ်၊ ဖြစ်နိုင်လို့ရှိရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဝအဖွဲ့ကို ဦးဆောင်စေချင်တယ်၊ ဒါပေမယ့် အဲဒီအခြေအနေကို တပ်မတော်ကလည်း မြင်တဲ့အတွက် မြောက်ပိုင်းအဖွဲ့နဲ့ ဝအဖွဲ့ မပေါင်းစပ်မိဖို့အတွက် ကြိုးစားနေတယ်၊ အဲ့ဒါကြောင့် အခု မြောက်ပိုင်းအဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ဆွေးနွေးဖို့ ကိစ္စမှာ ဝအဖွဲ့ကို နှစ်ဘက်စလုံးက ကြားထားနေကြတာ။"

နှစ်ဘက်ဆွေးနွေးမှုအတွင်း ဝတပ်ဖွဲ့ ကြားဝင်ပါဖို့ မိုင်းလားတပ်ဖွဲ့ကလည်း လိုလားတယ်လို့ ပြောပါတယ်။

ကေအိုင်အေ၊ အမ်အန်ဒီဒီအေ၊ တီအန်အယ်လ်အေနဲ့ အေအေ တပ် ၄ ခုရဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကလည်း ဝတပ်ဖွဲ့အနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါ သက်သေအဖြစ် ပါဝင်စေလိုတယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အစိုးရက နိုင်ငံရေးဆွေးနွေးပွဲတွေကို အစပျိုး လုပ်ဆောင်နေပြီး လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်မှာ ဒုတိယအကြိမ် ပင်လုံညီလာခံလုပ်ဖို့ ရည်မှန်း လုပ်ဆောင်နေတာပါ။

တလသာသာပဲ ကျန်ရှိတော့တဲ့အချိန်အတွင်း လတ်တလော တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ မြောက်ပိုင်းတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာမှု လျှော့ချဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013