DVB Logo
Home
မြန်မာသတင်း
လာမည့်နှစ်တွင် အခြေခံကျန်းမာရေးလုပ်သား ၃၀၀၀ လောက် ခန့်အပ်သွားရန်ရှိ
DVB
·
December 31, 2016
လာမည့်နှစ်တွင် အခြေခံကျန်းမာရေးလုပ်သား ၃၀၀၀ လောက် ခန့်အပ်သွားရန်ရှိ
Donate to DVB

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ လာမယ့်နှစ်ထဲမှာ အခြေခံကျန်းမာရေးလုပ်သား ၃၀၀၀ လောက်အထိ ခန့်အပ်သွားဖို့ရှိသလို ကျန်းမာရေးမှူး ၃၀၀ နဲ့ သွားဆရာဝန် ၂၀၀ ကိုလည်း ခန့်အပ်သွားဖို့ရှိတယ်လို့ အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

ဒီလိုအရေအတွက်ပြည့်မီအောင် ကျန်းမာရေးဝန်ထမ်းတွေ ခန့်အပ်တာနဲ့အတူ အရည်အသွေးပြည့်မီအောင်လည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒီလိုအရည်အသွေးပြည့်မီအောင် ဆောင်ရွက်တဲ့အခါမှာ အရင်က နိုင်ငံတကာရဲ့ အကူညီတွေနဲ့ပဲ ဆောင်ရွက်နေတာကနေ အခုနောက်ပိုင်းမှာ နိုင်ငံတော်ရဲ့ ထည့်ဝင်ငွေတွေနဲ့ပါ ပညာတော်သင်စေလွှတ်ဖို့ ဆောင်ရွက်နေတယ်လို့ အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ပြည့်ဝဝ ပေးနိုင်ဖို့အတွက် အဓိကစိန်ခေါ်မှုအနေနဲ့ လူ့စွမ်းအားအရင်းအမြစ် မလုံလောက်တဲ့ ပြဿနာကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် လစ်လပ်ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဖြည့်တင်းဖို့အတွက် အဓိကထား ဆောင်ရွက်လာခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အတွင်းမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ဆရာဝန် ၁၀၀၀ ကျော်နဲ့ သွားဆရာဝန် ၂၀၀ ကို ခန့်အပ်ခဲ့ပါတယ်။

သင်တန်းဆင်းလာတဲ့ သူနာပြုဆရာမ ၁၅၀၀ ကိုလည်း ပြီးခဲ့တဲ့နှစ်က ပြည်နယ်နဲ့ တိုင်းဒေသကြီးက ဆေးရုံတွေနဲ့ အခြေခံကျန်းမာရေးဌာနတွေကို ခွဲဝေခန့်ထားပေးခဲ့ပါတယ်။

ဒါ့အပြင် အခြေခံကျန်းမာရေးလုပ်သား ၃၀၀၀ ကိုလည်း မနှစ်က ခန့်အပ်ထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013