DVB Logo
Home
မြန်မာသတင်း
ဒုတိယအကြိမ်ပင်လုံတွင် လေ့လာသူအဖြစ် တက်မည်မဟုတ်ဟု ယူအန်အက်ဖ်စီ ပြော
DVB
·
December 31, 2016
ဒုတိယအကြိမ်ပင်လုံတွင် လေ့လာသူအဖြစ် တက်မည်မဟုတ်ဟု ယူအန်အက်ဖ်စီ ပြော
Donate to DVB

ဒုတိယအကြိမ် ပင်လုံညီလာခံမှာ ယူအန်အက်ဖ်စီ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီကို လေ့လာသူအဖြစ်သာ တက်ရောက်ခွင့်ပြုပြီး ဆွေးနွေးခွင့်မပြုရင် တက်ရောက်မှာ မဟုတ်ဘူးလို့ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ပြောပါတယ်။

“တကယ်လို့ လေ့လာသူအနေနဲ့ပဲ ဘာမှလည်း ဆွေးနွေးခွင့်မရှိဘူး၊ဆုံးဖြတ်ခွင့်မရှိဘူးဆိုရင် ကျနော်တို့ မတက်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်၊ အခုကတော့ သီးသန့်ဆုံးဖြတ်တာတော့ မဟုတ်ဘူး၊ တကယ်လို့ အဲ့ဒီပုံစံမျိုးပဲဆိုရင် ကျနော်တို့အတွက်က အဓိပ္ပာယ် မရှိဘူးလို့ မြင်တယ်။”

ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာလို ဆွေးနွေးပြောဆိုခွင့်ရရင်တော့ တက်ရောက်မှာဖြစ်တယ်လို့လည်း အစိုးရနဲ့ အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ တပ်ပေါင်းစုက ပြောပါတယ်။

အစိုးရက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ စိုင်းပြင်းနေပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံလုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲတွေကို အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၈ ခုနဲ့ ပြုလုပ်နေတာဖြစ်ပြီး တပ်ဖွဲ့အားလုံး မပါဝင်တဲ့အတွက် အဓိပ္ပာယ်မရှိဘူးလို့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေဘက်က အန်စီအေစာချုပ်ကို ပြန်လည်သုံးသပ်ဖို့၊ စာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံး ပါဝင်ဖို့၊ နိုင်ငံတကာ အသိသက်သေတွေ ပါဝင်လက်မှတ်ထိုးဖို့ စတဲ့ အချက် ၈ချက် တောင်းဆိုထားပြီး အစိုးရက လိုက်လျောရင် လက်မှတ်ထိုးမယ်လို့ ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013