DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားသူ ယမန်နှစ်ထက် ပိုမိုများပြား
DVB
·
December 31, 2016
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားသူ ယမန်နှစ်ထက် ပိုမိုများပြား
Donate to DVB

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်ထားသူ အရေအတွက်ဟာ မနှစ်ကထက် ပိုမိုများပြားတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် လျှောက်ထားသူဦးရေဟာလည်း မနှစ်ကထက် ပိုမိုများပြားကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးက ပြောပါတယ်။

၂ဝ၁၅-၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုခွင့်လျှောက်ထားသူ ၉ သောင်း ၅ ထောင်ကျော်ရှိပြီး ဖြေဆိုသူဦးရေမှာ ၉ သောင်း ၁ ထောင်ကျော် ရှိခဲ့ကာ အခု ၂ဝ၁၆-၂ဝ၁၇ ခုနှစ်အတွက် လျှောက်ထားသူဦးရေမှာ ၁ သိန်း ၄ ထောင်ကျော် ရှိနေတာကြောင့် မနှစ်ကထက် ၉၀၀၀ ကျော် ပိုမိုများပြားနေတယ်လို့ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013