DVB Logo
Home
မြန်မာသတင်း
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ပြန်လည်ဖွင့်လှစ်
DVB
·
December 30, 2016
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ပြန်လည်ဖွင့်လှစ်
1 / 6
Donate to DVB

ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း မောင်တောမြို့ အမှတ် ၁ အဝင်အထွက်ဂိတ်မှာ နိုဝင်ဘာ ၄ ရက်နေ့ကစပြီး ရပ်ဆိုင်းသွားခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်နေပြီလို့ နယ်စပ်ကုန်သွယ်ရေးစခန်းက သိရပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့မှာမှ ပြန်လည်စတင်နိုင်ပြီး တပတ်အတွင်း လေးရက်သာ ကုန်တင်ပို့မှု ရှိသေးတယ်လို့ မောင်တောနယ်စပ်ကုန်သည်များအသင်း ဒု-ဥက္ကဋ္ဌ ဦးအောင်စံသိန်းက ပြောပါတယ်။

"ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပြန်ဖွင့်ခဲ့တယ်၊ ဒါပေမယ့် ၂၄ ရက်နေ့ကျမှ တကယ်စပြီးပို့နိုင်တာ။ အများဆုံးက မပိတ်ခင် ဂိုထောင်ထဲမှာ ကျန်နေတဲ့ ပစ္စည်းတွေကို ပို့တာပေါ့။ ငါးခြောက် ပိုများတယ်။ ဒီနေ့တော့ ဝါးဖောင်တခုနဲ့ ပုဇွန်ပို့ဖို့ စောင့်နေတယ်။ အခုထိတော့ အဆင်ပြေနေပါတယ်။"

လဝက၊ အကောက်ခွန်၊ ရဲတပ်ဖွဲ့နဲ့ သစ်တောဌာနတို့ ပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့က ပို့ကုန်ပစ္စည်းနဲ့ လူအဝင်အထွက်တွေကို ကြပ်မတ်စစ်ဆေးနေပြီး ပို့ကုန်အဆင်ပြေအောင် ဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။

ဒီဇင်ဘာ ၂၄ နဲ့ ၂၅၊ ၂၉ နဲ့ ၃၀ ရက် လေးရက်မှာ တင်ပို့မှုရှိခဲ့ပြီး ၂၉ ရက်နေ့ထိ ၃ ရက်အတွင်း ပို့ကုန်တန်ဖိုး ဒေါ်လာ ၂ သိန်း ၃ သောင်း ၆ ထောင်ကျော် ရှိခဲ့ပါတယ်။

တင်ပို့ကုန်တွေထဲမှာ ငါးနီတူခြောက် အများဆုံးဖြစ်ပြီး ငါးခြောက်မျိုးစုံ၊ စောင်ပါး၊ သနပ်ခါးခဲ၊ ဆပ်ပြာ၊ သကြားလုံးနဲ့ ဇီးယိုထုပ်တွေ ပို့ခဲ့ပြီး ဝါးနဲ့ ပုဇွန်တွေကို တင်ပို့ဖို့ရှိတယ်လို့ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းက သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013