DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အရေးဖြေရှင်းပေးရန် ကုလလုံခြုံရေးကောင်စီကို နိုဘယ်ဆုရှင်များတောင်းဆို
DVB
·
December 30, 2016
ရခိုင်ပြည်နယ်အရေးဖြေရှင်းပေးရန် ကုလလုံခြုံရေးကောင်စီကို နိုဘယ်ဆုရှင်များတောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်က မွတ်စလင်တွေအရေးဖြေရှင်းပေးဖို့ ဘုန်းတော်ကြီးဒတ်စ်မွန်တူးတူးနဲ့ မာလာလာတို့ အပါအ၀င် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ လူမျိုးဖြုတ်သတ်ဖြတ်မှုတွေနဲ့ လူသားတွေအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲထားတဲ့သတင်းတွေကိုအခြေခံပြီး ဖိနိမ်မှုတွေရပ်တန့်အောင် ဆောင်ရွက်ပေးဖို့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တွေအပါအ၀င် နိုင်ငံရေးနဲ့ စီးပွားရေးနယ်ပယ်က တက်ကြွလှုပ်ရှားသူ ၂၃ ဦးက စာရေးတောင်းဆိုလိုက်တာပါ။

အိတ်ဖွင့်ပေးစာကို ပါဝင်လက်မှတ်ထိုးသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပါမောက္ခ မိုဟာမက် ယူနွတ်စ်၊ အရှေ့တီမောက ရာမို့စ်ဟော်တာ၊ ပါကစ္စတန်က မာလာလာ ယူဆာ့ဖ်ဇိုင်း၊ တောင်အာဖရိကက ဘုန်းတော်ကြီး ဒတ်စ်မွန်တူးတူး၊ အမေရိကန်က ဂျိုဒီဝီလျံစတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ၁၃ယောက်ပါဝင်သလို အီတလီ ၀န်ကြီးချုပ်ဟောင်း ရိုမာနို ပရိုဒီ၊ အီတလီ နိုင်ငံခြားရေး ၀န်ကြီးဟောင်း အမ်မာဘိုနီနိုနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ရိုမာနို ပရိုဒီ စသူတွေလည်းပါဝင်ပါတယ်။

ရခိုင်ပြည်နယ်က မွတ်စလင်တွေကို နိုင်ငံသားအခွင့်အရေးတွေ အပြည့်အ၀မျှမျှတတ ရအောင် လုပ်ဆောင်မပေးတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အားမလိုအားမရစိတ်ပျက်တဲ့ အကြောင်းလည်း လုံခြုံရေးကောင်စီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်နိုင်ငံတွေထံပေးပို့တဲ့ စာမှာဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်ပြသနာအကျပ်အတည်းကို လုံခြုံရေးကောင်စီရဲ့ဆွေးနွေးမယ့် အစီအစဉ်မှာ အမြန်ဆုံးထည့်သွင်းဖို့နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံကို လာမယ့် သီတင်းပတ်တွေမှာ ဦးစားပေးသွားရောက်ဖို့ ဘန်ကီမွန်းသွားရောက်ဖို့ မဖြစ်နိုင်ပါက အတွင်းရေးမှူးချုပ်အသစ် အန်တိုနီရို ဂူတာရက်စ် အနေနဲ့ဇန်န၀ါရီလမှာ ရာထူးစယူပြီးနောက် ပထမဆုံး တာဝန်တခုအဖြစ် မြန်မာပြည်ကို သွားရောက်ဖို့ တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတံခါးပိတ်အစည်းအဝေးမှာ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး မြန်မာပြည်ဆိုင်ရာကုလသမဂ္ဂအထူးသံတမန် ဗွီဂျေနမ်ဘီးယား က ရှင်းလင်းပြောကြားခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းသတင်းတွေကိုရေးနေတဲ့ Inner City Press သတင်းမှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013