DVB Logo
Home
မြန်မာသတင်း
ရပ်ထားသည့်ကားအား ဝင်တိုက်မိ၍ ဆိုင်ကယ်မောင်းသူ သေဆုံး
DVB
·
December 29, 2016
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် မကျီးကုန်းကျေးရွာအုပ်စု၊ မကျီး ကုန်းကျေးရွာ အန္တရာယ်ကွေး ဟင်္သာတ-ကြံခင်း အဝေးပြေးလမ်းမ မိုင်တိုင် ၂၄/၂ နဲ့ ၂၄/၃ အကြားတွင် ရပ်ထားတဲ့ ကားကို ဆိုင်ကယ်မှ ၀င်တိုက်မိပြီး လူ ၁ ဦး သေဆုံးခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဟင်္သာတဘက်မှ အင်္ဂပူဘက်အသွား လမ်းပြောင်းပြန်ရပ်ထားပြီး ဝက်တင်နေတဲ့ IB/8618 HINO Ranger FD 176B ကားရဲ့ နောက်ကို အင်္ဂပူဘက်မှ ဟသာင်္တသို့အသွား သားအဖ ၂ ဦး မောင်းနှင်လာတဲ့ YINBO 110 မော်တော်ဆိုင်ကယ်မှ ဝင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်တဲ့ ဇင်မျိုးအောင် အသက် ၁၇ နှစ်ဟာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ဆိုင်ကယ်မဆင်မခြင် မောင်းနှင်တဲ့ သူနဲ့ ကားပြောင်းပြန်ရပ်ထားတဲ့ ယာဉ်မောင်းတို့ကို ဥပဒေအတိုင်း အရေးယူနိုင်ဖို့ အင်္ဂပူ မြို့မရဲစခန်းက ရဲလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ- အင်္ဂပူမြို့မစခန်းနယ်ထိန်းအဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013