DVB Logo
Home
မြန်မာသတင်း
စာရေးဆရာမကြီး ကြည်အေး အမေရိကန်၌ ကွယ်လွန်
DVB
·
December 29, 2016
စာရေးဆရာမကြီး ကြည်အေး အမေရိကန်၌ ကွယ်လွန်
Donate to DVB

ဆန်းသစ်တဲ့ရေးဟန်နဲ့ ထင်ရှားတဲ့ ကဗျာဆရာ၊ စာရေးဆရာမကြီး ကြည်အေး အသက် ၈၇ နှစ်ဟာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဒီဇင်ဘာ ၂၈ ရက် မနက် ၆ နာရီကျော်လောက်က ကွယ်လွန်သွားပါတယ်။

ဆရာမကြီးဟာ သွေးကင်ဆာရောဂါခံစားနေရတာကြောင့် နယူးယောက်ပြည်နယ်က Mount Sinai ဆေးရုံမှာ နိုဝင်ဘာလကတည်းက တက်ရောက် ဆေးကုသမှုခံယူ နေရာကနေ ကွယ်လွန်သွားခဲ့ တာဖြစ်ပါတယ်။

ဆရာမကြီးကြည်အေးဟာ ၀တ္ထုနဲ့ ကဗျာတွေအမြောက်အများကို မြန်မာအင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးသားခဲ့သူဖြစ်ပြီး နွမ်းလျအိမ်အပြန်၊ ကေဖွဲ့ဆိုသီ၊မီ၊ တမ်းတတတ်သည်၊ ကျွန်မပညာသည်၊ အပြင်ကလူ၊ ဖုန်းသက်တိုင်၊ မောင်ကိုကိုနှင့် မြနန္ဒာ စတဲ့ လုံးချင်းဝတ္ထုတွေ လူသိများပါတယ်။

အမည်ရင်းက မကြည်ကြည်တင်မြင့်ဖြစ်ပြီး ၁၉၂၉ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာ ကုန်သည်မိဘတွေ ကနေ မွေးဖွားခဲ့ပါတယ်။

စစ်ပြီးခေတ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အင်္ဂလိပ်စာ ဂုဏ်ထူးနဲ့ တနိုင်ငံလုံးမှာ အထူးချွန်ဆုံး ၁၀ ယောက်အဖြစ်အောင်မြင်ခဲ့ပါတယ်။ ၁၉၆၂-၆၃မှာ တက္ကသိုလ်မှာ အင်္ဂလိပ်စာနည်းပြဆရာမ အဖြစ်တာဝန်ယူခဲ့ပါတယ်။ ဒီနောက် ဆေးကျောင်းပြန်တက်ခဲ့ပြီး အလုပ်သင်ဆရာဝန်အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။

လန်ဒန်မြို့ ဘီဘီစီ အသံလွှင့်ဌာနမှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၁၉၇၀ပြည့်နှစ် နောက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စု ချီကာဂိုမှာ ပြောင်းရွေ့ နေထိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013