DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်မှာပထမဆုံးအကြိမ်ကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲတော် (ဓာတ်ပုံ)
DVB
·
December 29, 2016
ကယားပြည်နယ်မှာပထမဆုံးအကြိမ်ကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲတော် (ဓာတ်ပုံ)
1 / 10
Donate to DVB

ဒီကနေ့ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲတော်ကို ကယားပြည်နယ် မြို့တော်လွိုင်ကော် တခွန်တိုင်ကွင်းမှာ  ပြည်နယ်တခုလုံး အတိုင်းအတာနဲ့ ပထမဆုံး အကြိမ်ကျင်းပနေပါတယ်။

ဒီပွဲတော်ကို ကယားပြည်နယ်ထဲမှာရှိတဲ့  ကရင်အဖွဲ့အစည်းတွေ ပူးပေါင်းစီစဉ်တာဖြစ်ပြီး ကေအန်ယူ ဗဟိုက တာဝန်ရှိသူ တချို့ လည်း တက်ရောက်ခဲ့ကြပါတယ်။

ကေအန်ယူ ဗဟိုစည်းရုံးရေးတာဝန်ခံ ပဒိုစောလှထွန်းက “အခုဒီအချိန်မှာ နေရာဒေသအသီးသီးမှာ ရှိနေကြတဲ့ ကရင်လူမျိုးတွေ စုစုစည်းစည်းနဲ့ ကရင်အမျိုးသားရေးကို လုပ်နိုင်ဖို့နဲ့၊  ကရင်လူမျိုးတွေ ရှေ့ဆက် အကောင်အထည်ဖော်ရမယ့် အနာဂတ်ဘ၀ထဲမှာ   ကျနော်တို့ ကရင်လူမျိုးတွေအားလုံး မတူညီတဲ့ နေရာဒေသ အသီးသီးမှာ ရှိနေကြသော်လည်း ကျနော်တို့ရဲ့ အမျိုးသားရေးရည်မှန်းချက်ဖြစ်တဲ့ အနာဂတ် ဖယ်ဒရယ်တည်ဆောက်ရေးမှာ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့အတွက် အတူလက်တွဲ လုပ်ဆောင်နိုင်ဖို့ အတွက် ရည်ရွယ်ပြီးတော့ ဒီမှာရှိတဲ့ ကရင်လူမျိုးတွေကို သတင်းစကားပါးချင်ပါတယ်”လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက်ကနေ ၂၉ ရက်ထိ နှစ်ရက်ကြာကျင်းပတဲ့ဒီပွဲတော်မှာ ကရင်ရိုးရာ  ဒုံးယိမ်းအကနဲ့ ဂီတဖျော်ဖြေပွဲတွေ ဈေးရောင်းပွဲတွေလည်း ထည့်သွင်းကျင်းပတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013