DVB Logo
Home
မြန်မာသတင်း
ကျောင်းသားတပ်မတော် ဗဟိုကော်မတီဝင် ကိုမင်းဌေး ဖမ်းဆီးခံရ
DVB
·
December 29, 2016
ကျောင်းသားတပ်မတော် ဗဟိုကော်မတီဝင် ကိုမင်းဌေး ဖမ်းဆီးခံရ
Donate to DVB

အစိုးရနဲ့ တနိုင်ငံလုံးအပစ်အရပ်စာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(အေဘီအက်စ်ဒီအက်ဖ်) ဗဟိုကော်တီဝင် ကိုမင်းဌေး ဗန်းမော်ကနေ လိုင်ဇာအပြန်ကားပေါ်မှာ မနေ့ညနေက ဖမ်းဆီးခံခဲ့ရပါတယ်။

ကိုမင်းဌေးဟာ ငြိမ်းချမ်းရေးအစည်းအဝေးတခုကို တက်ရောက်ပြီး ကေအိုင်အိုထိန်းချုပ်နယ်မြေ အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းဌာနချုပ် လိုင်ဇာမြို့ကို အပြန် ဗန်းမော်-လွယ်ဂျယ် ကားလမ်းပေါ်က သိမ်လုံဂိတ်မှာ အဖမ်းခံရတာပါ။

သူ့မှာ အထောက်အထားတစ်စုံတရာ ပါမသွားတာကတကြောင်း၊ ကချင်ဒေသမှာ တိုက်ပွဲတွေလည်း ဖြစ်နေတာကြောင့် လုံခြုံရေးတင်းကြပ်တဲ့ကြားမှာ အဖမ်းခံရတာဖြစ်နိုင်တယ်လို့ အေဘီအက်စ်ဒီအက်ဖ် ဗဟိုကော်မတီဝင် မိဆူးပွင့်က ဒီဗွီဘီကို ပြောပါတယ်။

“သတင်းက ကျမတို့ဆီကို မနေ့ညမိုးချုပ်မှရောက်တယ်။ အဲဒါနဲ့အဖွဲ့အစည်းတာဝန်ရှိတဲ့သူတွေ ကနေ လိုက်ဆက်သွယ်ပြီး စုံစမ်းတယ်။ ဗန်းမော်ကနေ သူလိုင်ဇာကိုအပြန်ပေါ့နော်၊ တနေရာမှာ ဂိတ်က တပ်ကနေပြီးတော့ ကားကိုစစ်တာ၊ ခရီးသည်တွေအားလုံးလည်း စစ်တယ်။ သူ့ကိုတော့ မသင်္ကာလို့ ဆိုပြီးခေါ်ထားတာ၊ ကျမတို့မြင်တာကတော့ သူကမှတ်ပုံတင်ပြန်မရသေးဘူး၊ အဖွဲ့အစည်းထောက်ခံ စာတို့ ခရီးသွားလက်မှတ်သစ်တို့ကလည်း ဒီအစိုးရတက်ပြီးတဲ့နောက်ပိုင်းမှာ ကျမတို့က သေချာ ချိတ်ဆက်ပြီးလုပ်တဲ့လမ်းကြောင်းလေးတွေ သေချာမရှိသေးဘူးဖြစ်နေတယ်။ ပြန်တဲ့လမ်းကြောင်း ကလည်း လိုင်ဇာဖြစ်နေတော့လေ တခုခုမသင်္ကာလို့ ခေါ်ထားတယ်လို့ ယူဆတယ်ပေါ့။ အပစ်ခတ် ရပ်စဲရေး စည်းမျဉ်းစည်းကမ်းတွေချိုးဖောက်မှု မရှိဘူးဆိုရင်တော့ ဒီနေ့သူပြန်ထွက်လာရမယ်လို့ မျှော်လင့်ပါတယ်။”

အေဘီအက်စ်ဒီအက်ဖ် အဖွဲ့အစည်းအနေနဲ့ကတော့ သူ့ရဲ့တာဝန်နဲ့ သူဘာကြောင့် ခရီးသွားလာနေ သလဲဆိုတာကို ထုတ်ပြန်ပြီး အန်အာရ်ပီစီ(အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန) နဲ့ ဆက်သွယ်ဆောင်ရွက်နေကြောင်း၊ တဘက်ကလည်း ဂျေအမ်စီ (ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ)မှာ တပ်နဲ့ဆက်သွယ်တဲ့ အပိုင်းကနေလည်း မေးမြန်းေ ဆာင်ရွက်နေ တယ်လို့ သူက ဆက်ပြောပါတယ်။

ကိုမင်းဌေးဟာ အစိုးရနဲ့ အေဘီအက်စ်ဒီအက်ဖ်ရဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲတွေမှာ မြောက်ပိုင်းဒေသ ကိုယ်စားလှယ် ခေါင်းဆောင်တဦး အနေနဲ့ ပါဝင်ခဲ့သူဖြစ်ပြီး ဟောလီဝုဒ်ရုပ်ရှင် RAMBO-4 ဇာတ်ကားမှာ မြန်မာစစ်ဗိုလ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013