DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့တွင်ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် (ဓာတ်ပုံ)
DVB
·
December 29, 2016
ပုသိမ်မြို့တွင်ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် (ဓာတ်ပုံ)
1 / 13
Donate to DVB

၂၇၅၆ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းမှာ ဒီဇင်ဘာ ၂၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်အလံနဲ့ ကရင်အမျိုးသားအလံ လွှင့်တင်ခြင်းတို့ ပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီက ဖားစည်တီးပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သလို အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ ကရင့်ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းတွေနဲ့ သမိုင်းကြောင်းဆိုင်ရာ မှတ်တမ်းတွေ ထည့်သွင်းပြသထားပြီး ကရင်ရိုးရာ ဒုံးယိမ်းအကပြိုင်ပွဲတွေ၊ ခြင်းအလှခတ်ပြပွဲတွေ၊ သံစုံတီးဝိုင်းတွေနဲ့ ဖျော်ဖြေကြပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ်အသီးသီးမှာလည်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို တပြိုင်နက် ကျင်းပခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ - သော်ဇင်မျိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013