DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်က မွတ်စလင်များကိုကူညီရန် မလေးရှားသင်္ဘော မြန်မာပြည်လာမည်
DVB
·
December 28, 2016
ရခိုင်ပြည်နယ်က မွတ်စလင်များကိုကူညီရန် မလေးရှားသင်္ဘော မြန်မာပြည်လာမည်
1 / 2
Donate to DVB

 

ရခိုင်ပြည်နယ်က မွတ်စလင်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေတင်ဆောင်လာတဲ့ မလေးရှား ကူညီထောက်ပံ့ရေးသင်္ဘောတစ်စီး  ရှေ့လ မြန်မာနိုင်ငံကို ထွက်ခွာလာဖို့ ရှိနေတယ်လို့ မလေးရှား သည်စတားသတင်းမှာ ဖော်ပြပါတယ်။

သင်္ဘောနဲ့အတူ စားနပ်ရိက္ခာ ဆန်တန်ချိန် ၂၀၀ လောက်အပြင် ဆေးဝါးနဲ့ တခြားလိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေပါလာဖို့ရှိပြီး ဇန်န၀ါရီလ ၁၀ ရက်နေ့လောက်မှာ မလေးရှား ကလန်း ဆိပ်ကမ်းကနေ  စတင်ထွက်ခွာဖို့နဲ့ သီတင်း ၂ပတ်လောက်အကြာမှာ ပြန်လာဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ်ကို မလေးရှားအစ္စလမ်အဖွဲ့များအတိုင်ပင်ခံကောင်စီ (Mapim)အဖွဲ့က ဦးဆောင် စီစဉ်တာဖြစ်ပြီး ဒီအဖွဲ့ဟာ ရခိုင်ပြည်နယ်က မွတ်စလင်တွေအရေးနဲ့ပတ်သက်လို့ အွန်လိုင်း ၀က်ဆိုက်ကနေ စည်းရုံးလှုံ့ဆော် အလှူငွေတွေ တောင်းခံနေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။   

ဒီအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ဇယ်ဟာနစ် ဇိုင်နိုကတော့ သင်္ဘောမှာပါလာတဲ့ အကူအညီတွေဟာ ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင်ရှိ မွတ်စလင်အသိုင်းအ၀ိုင်းအတွက် အဓိကရည်ရွယ်တယ်လို့ မလေးရှားသတင်းဌာနကိုပြောပါတယ်။

ထောက်ပံ့ရေးသင်္ဘောအနေနဲ့ မြန်မာပြည်ကို ၀င်ခွင့်ရပြီး အကူအညီပစ္စည်းတွေ လွှဲပြောင်းပေးအပ်ခွင့်ရတာ၊  မြန်မာရေပိုင်နက်ထဲကနေ ပြန်လှည့်ထွက်သွားခိုင်းတာ ဒါမှမဟုတ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခံရတာ  ဖြစ်နိုင်ချေသုံးမျိုး ရင်ဆိုင်ရနိုင်တယ်လို့လည်း ပြောပါတယ်။

မြန်မာရေပိုင်နက်ထဲဝင်ခွင့်ရဖို့ကိုတော့  မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကဆင့် ခွင့်ပြုချက်လျောက်ထားပြီး အကြောင်းမပြန်သေးကြောင်းနဲ့  အတည်ပြုချက်ရဖို့ စောင့်ဆိုင်းေ နတုန်းပဲလို့ဆိုပါတယ်။

သင်္ဘောနဲ့အတူ အန်ဂျီအိုအဖွဲ့ဝင်တွေ၊ မီဒီယာသမားတွေ၊ ဆေးအဖွဲ့တဖွဲ့၊ ၀န်ကြီးဟောင်းတွေ၊ နိုင်ငံရေးသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ စေတနာဝန်ထမ်းတွေနဲ့ သင်္ဘောသားတွေ  ၂၀၀ လောက်လိုက်ပါလာမယ့်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013