DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးရန်ပုံငွေကိစ္စ ရန်ကုန်တွင် တွေ့ဆုံဆွေးနွေး (သတင်းဓာတ်ပုံ)
DVB
·
December 28, 2016
ငြိမ်းချမ်းရေးရန်ပုံငွေကိစ္စ ရန်ကုန်တွင် တွေ့ဆုံဆွေးနွေး   (သတင်းဓာတ်ပုံ)
1 / 5
Donate to DVB

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင် ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတာဖြစ်ပြီး ဒီအဖွဲ့မှာ အစိုးရကိုယ်စားလှယ် ၈ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အပစ်ရပ်နဲ့ အပစ်မရပ်အဖွဲ့တွေက ကိုယ်စားလှယ် ၈ ဦးနဲ့ ဖွဲ့စည်းဖို့ သဘောတူထားတာဖြစ်ပါတယ်။

မြန်မာပြည်ငြိမ်းချမ်းရေးအတွက်ပေးတဲ့ပြည်ပအကူအညီတွေကို ခွဲဝေသုံးရာမှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ စေ့စပ်ညှိနှိုင်း ဆွေးနွေးရေး၊ ငြိမ်းချမ်းရေးအထောက်အကူပြု ဖွံ့ဖြိုးရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (အန်အာပီစီ) ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတဲ့ ကဏ္ဍ ၄ခုမှာ ဦးစားပေးသုံးစွဲဖို့လည်းသဘောတူဆုံးဖြတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013