DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့သစ်စီမံကိန်း ဦးစားပေးတင်ဒါစနစ်ဖြင့် ရွေးချယ်မည်
DVB
·
December 28, 2016
ရန်ကုန်မြို့သစ်စီမံကိန်း ဦးစားပေးတင်ဒါစနစ်ဖြင့် ရွေးချယ်မည်
Donate to DVB

ရန်ကုန်တိုင်းအစိုးရအဖွဲ့က အကောင်အထည်ဖော်မယ့် မြို့သစ်စီမံကိန်းမှာ  ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို ဦးစားပေးတင်ဒါစနစ်နဲ့ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအစိုးရက ရန်ကုန်မြို့ရဲ့ ကြည့်မြင်တိုင် တဖက်ကမ်းမှာ မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် နေရာရွေးချယ်ထားပြီး ဖြစ်ပါတယ်။

ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက်လည်း ဂျပန်အပြည်ပြည်ဆိုင်ရာအေဂျင်စီ အဖွဲ့အစည်း အပါအဝင် ပြည်ပကျွမ်းကျင်ပညာရှင်တွေနဲ့ master plan ကို ရေးဆွဲထားပြီး တင်ဒါစနစ်နဲ့ ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးအေးလင်းက ပြောပါတယ်။

“ရန်ကုန် မာစတာပလန် ဆွဲနေပါပြီ။ ဒီသတင်းတွေက သူတို့ ဖေ့စ်ဘွတ်တွေမှာလည်း ကြေညာချက်တွေထုတ်ထားပါပြီ။ ဒါက ဒီဇင်ဘာမှာ အပြီးဆွဲမယ်လို့ အကြမ်းဖျင်းပြောပြထားပါတယ်။ လာမယ့်နှစ်ဆန်းပိုင်းကျရင် မာစတာပလန် ပေါ်ပေါက်လာတဲ့အပိုင်းမှာ သူတို့ မြို့သစ်နဲ့ပတ်သက်လို့ လုပ်မှာတွေကို အပိုင်းလိုက် အပိုင်းလိုက် သူတို့ ရှင်းပြပါမယ်။ လုပ်ငန်းပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ ကုမ္ပဏီအကြီးတွေရော၊ ကုမ္ပဏီအသေးတွေရော လုပ်လို့ရအောင် တင်ဒါစနစ်နဲ့ ခေါ်ပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်စေမှာပါ။ အဲဒီပုံစံနဲ့ ရှေ့ဆက်သွားမယ်လို့ သေချာပြောထားပါတယ်။”

ဒီအပြင် ရန်ကုန်မြို့ဟာ လာမယ့်ဆယ်စုနှစ် နှစ်ခုအကြာမှာ လူဦးရေသိပ်သည်းမှုက အများဆုံးရှိလာမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားတာကြောင့် မြို့သစ်စီမံကိန်းနဲ့အတူ အများလက်လှမ်းမီတဲ့ အိမ်ရာတွေများစွာ ပေါ်ပေါက်လာဖို့ လိုပါတယ်။

“ဒီမီဂါစီးတီးကို ရောက်မယ့်လူဦးရေ မရောက်ခင်မှာ ကြိုပြီးတော့ ပလန်တွေလုပ်ဖို့ လိုတယ်။ ဒီပလန်ထဲမှာ တန်ဖိုးနည်းအိမ်ရာဖော်ဆောင်ပြီးတော့ အခြေခံလူတန်းစားတွေ အိမ်တွေပိုင်ဆိုင်ဖို့ အမြန်ဆုံးလုပ်ပေးဖို့ လိုအပ်နေတာ အသေအချာပဲ။ ဒါကြောင့်မို့လို့ ဧကပေါင်း သောင်းနဲ့ချီပြီးတော့ တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်မှာကတော့ အရမ်းကြိုဆိုဖို့ကောင်းတယ်။ အမှန်တကယ် ဖော်ဆောင်ပြီးတော့ လက်တွေ့ကျကျ လုပ်နိုင်ဖို့လည်း ကျနော့်အနေနဲ့ ဆုတောင်းပေးမိတာပေါ့လေ” လို့ ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်း ရန်ကုန်မှာ မြို့သစ်စီမံကန်းနဲ့အတူ အများလက်လှမ်းမီတဲ့ တန်ဖိုးနည်း တန်ဖိုးမျှတ အိမ်ရာတွေကို များစွာဖော်ဆောင်သွားဖို့ ရှိတဲ့အကြောင်း အတိအလင်း ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013