DVB Logo
Home
မြန်မာသတင်း
HIV/AIDS ဝေဒနာရှင်များအား ထောက်ပံ့ရန်အတွက် မုံရွာမြို့တွင် ဖျော်ဖြေပွဲပြုလုပ်
DVB
·
December 28, 2016
HIV/AIDS ဝေဒနာရှင်များအား ထောက်ပံ့ရန်အတွက် မုံရွာမြို့တွင် ဖျော်ဖြေပွဲပြုလုပ်
1 / 5
Donate to DVB

HIV/AIDS ဝေဒနာရှင်များအတွက် ရန်ပုံငွေရှာဖွေပွဲတခုကို ဒီဇင်ဘာလ ၂၇ ရက်နေ့ ညပိုင်းက မုံရွာမြို့ရှိ မြစန္ဒာခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါရန်ပုံငွေရှာဖွေပွဲမှာ မုံရွာမြို့မှ များအဖွဲ့က အကများနဲ့ သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြတာ ဖြစ်ပြီး ရန်ပုံငွေအတွက် မုံရွာမြို့မှ မြို့ခံအလှူရှင်များကလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

“ကျနော်တို့ ဒီပွဲဖြစ်မြောက်ဖို့ မုံရွာက ပရဟိတစိတ်ရှိတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ကူညီပေးထားတာပါ။ ရန်ပုံငွေအတွက် ဒီပွဲက ရသမျှငွေကြေးစာရင်းကိုလည်း အများသိအောင် ထုတ်ပြန်ပေးသွားမှာပါ” လို့ ဖျော်ဖြေပွဲဖြစ်မြောက်ရေး ဆောင်ရွက်သူ ကိုအောင်နေမျိုးက ပြောပါတယ်။

ဖျော်ဖြေပွဲရုံဝင်ခအနေနဲ့ကတော့ တဦးကို ၅၀၀၀ နှုန်းသတ်မှတ်ထားပြီး ရရှိလာတဲ့ ငွေကြေးအားလုံးကို HIV/AIDS ဝေဒနာရှင်တွေကို ကူညီနေတဲ့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းတို့ထံ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

“ကျမတို့ အခု ဖျော်ဖြေတာက မုံရွာ၊ ရွှေဘို၊ မန္တလေး၊ ရန်ကုန် အစရှိတဲ့ ဒေသတွေက ဂေးတွေလာပြီး ပံ့ပိုးပေးပါတယ်။ ဂေးဦးရေ ၃၀ ကျော်လာပြီး ဖျော်ဖြေပါတယ်။ ရသမျှကိုလည်း စာရင်းချုပ်ပြီး မဖြူဖြူသင်းတို့ အကူအညီပေးနေတဲ့ HIV/AIDS ဝေဒနာရှင်များကို စောင့်ရှောက်ကုသနေတဲ့ ဂေဟာကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်” လို့ ဖျော်ဖြေရေးပါဝင်တဲ့ ဂေးအဖွဲ့မှ မိတ်ကပ် ကေကေဟန်မှ ပြောပါတယ်။

လူနာတွေကို ကူညီထောက်ပံ့ပေးတာနဲ့ ပတ်သက်ပြီး ယခင်ကထက် ယခုအချိန်မှာ အနယ်နယ်အရပ်ရပ်မှ အသင်းအဖွဲ့နဲ့ ချိတ်ဆက်ဆောက်ရွက်လာနိုင်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မဖြူဖြူသင်းက ပြောပါတယ်။

“ကျမတို့ စင်တာရောက်လာတဲ့ ဝေဒနာရှင်တွေကို သက်သက်သာသာနေနိုင်ဖို့ ကူညီဆောင်ရွက်ပေးရတာတွေ ရှိသလို သူတို့ စားဖို့ သောက်ဖို့ အဘက်ဘက်က ဆောင်ရွက်ပေးရပါတယ်။ နောက်ပြီး ကျမတို့ တာဝန်ယူထားတဲ့ မိဘဂေဟာက ကလေးတွေကိုလည်း အစစအရာရာ အဆင်ပြေအောင် ကြိုးစားပေးရပါတယ်။ ဒါတွေကို ဆောင်ရွက်နိုင်ဖို့ အရင်တုန်းက အဖွဲ့အစည်းတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ မလွယ်ဘူး။ သိတဲ့အတိုင်းပဲ အခက်ခဲတွေရှိတယ်။ တော်တော်များများကလည်း ကျမတို့နဲ့ ဆက်ဆံရမှာ အရမ်းကြောက်ကြတယ်။ အခုအချိန်မှာတော့ လွတ်လွတ်လပ်လပ် ပူးပေါင်းဆောင်ရွက်နိုင်လာတာတွေ ရှိလာပါတယ်။ အာဏာပိုင်တွေရော အရပ်ဘက်အဖွဲ့အစည်းအားလုံးကလည်း ကူညီလာကြပါတယ်။"

ယခုလို ကျင်းပတဲ့ ရန်ပုံငွေမှ ရရှိလာတဲ့ ငွေကြေးများကို HIV/AIDS စွဲကပ်နေတဲ့ လူနာများအား ဦးစားပေး ထောက်ပံ့သွားမှာဖြစ်သလို ပေါ်ပေါက်လာတဲ့ တခြားလူမှုရေးကိစ္စတွေမှာလည်း အသုံးပြုသွားမယ်လို့ သိရပါတယ်။

သတင်းပေးပို့ - ရန်နိုင်စိုး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013