DVB Logo
Home
မေးမြန်းခန်း
အလုပ်သမား​အခွင့်​ရေး​ရဖို့​ အလုပ်သမား​တွေ ညီညွတ်ဖို့​လိုပါတယ်
DVB
·
November 22, 2011
Donate to DVB

မြန်မာနိုင်ငံမှာ အလုပ်သမား​အဖွဲ့​အစည်း​တွေ ဖွဲ့​စည်း​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဗဟိုအလုပ်မှု​ဆောင်အဖွဲ့​ဝင် ဦး​သန်း​ထွန်း​ကို ကိုမင်း​လွင်က ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။

ဦး​သန်း​ထွန်း​ဟာ တီယူစီဘီလို့​ လူသိများ​တဲ့​ အလုပ်သမား​အစည်း​အရုံး​များ​အဖွဲ့​ချုပ် ဗမာနိုင်ငံမှာ ၁၉၅၃ က​နေ ၁၉၆၂ ခုနှစ်အထိ အတွင်း​ရေး​မှုး​ တာဝန် ထမ်း​ဆောင်ခဲ့​သူလည်း​ဖြစ်ပါတယ်။

နိုင်ငံပိုင် သတင်း​စာမှာ ပါတယ်​လေ။ ပြည်သူ့​အလုပ်သမား​များ​၏ အ​ခြေခံရပိုင်ခွင့်​နှင့်​ တာဝန်များ​ဆိုတာကို ရုပ်သိမ်း​မယ်ဆို​တော့​ ၁၉၆၄ ခုနှစ်က လုပ်ထား​တာဆို​တော့​ အဲဒါ ဖြုတ်လိုက်လို့​ ဘာ​တွေဖြစ်မလဲ။

“ဒီဥပ​ဒေက လွတ်လပ်​ရေး​ ရပြီး​စက အလုပ်သမား​ ဥပ​ဒေ​တွေရှိတယ်။ အဲဒီ ဥပ​ဒေ​တွေကို ချုံ့​ပြီး​တော့​ ၆၄ ခုနှစ်မှာ ဦး​နေဝင်း​ အစိုး​ရလက်ထက်​ပေါ့​။ သူက အလုပ်သမား​ တာဝန်နဲ့​ရပိုင်ခွင့်​များ​ ဥပ​ဒေဆိုပြီး​တော့​ ဥပ​ဒေပြဋ္ဌာန်း​လိုက်တယ်။ သူက ဖွဲ့​စည်း​ရေး​က အလုပ်သမား​ အဖွဲ့​အစည်း​ကို ဘယ်လိုဖွဲ့​ရမယ်ဆိုတာရယ်။ ဘာ​တွေ​တောင်း​ရမယ်ဆိုတာရယ်၊​ ဘာ​တွေတာဝန်ရှိတယ်။ ဘာ​တွေလုပ်ရမယ်ဆိုတဲ့​ဟာ​တွေကို သူကလမ်း​ညွှန်ထား​တဲ့​ ဥပ​ဒေ၊​ သူက လွတ်လပ်တဲ့​ ဖွဲ့​စည်း​ပုံ ဥပ​ဒေမဟုတ်ဘူး​လေ။ အခု အဲဒီဥပ​ဒေကို တ​နေ့​က ပြည်သူ့​လွှတ်​တော်က​နေ လုပ်လိုက်တဲ့​ အလုပ်သမား​ဖွဲ့​စည်း​ရေး​ မှတ်ပုံတင်ဥပ​ဒေဆိုပြီး​တော့​ ထွက်လာတာ ရှိတယ်​လေ။ အဲဒီဥပ​ဒေက ထွက်လာ​တော့​ ဒီဥပ​ဒေက ပယ်ပစ်ရမယ့်​ ဥပ​ဒေဖြစ်​နေတာ​ပေါ့​။ ၆၄ ခုနှစ် ဥပ​ဒေက၊​ ပယ်ပစ်ရမယ့်​ဥပ​ဒေဖြစ်​တော့​ ပယ်လိုက်တာပါပဲ။”

အလုပ်သမား​ အဖွဲ့​အစည်း​နဲ့​ ပတ်သက်တဲ့​ ဥပ​ဒေ​တော့​ ထွက်လာပြီ။ ဒါ​ပေမယ့်​ အဲဒီဥပ​ဒေပါတဲ့​အတိုင်း​ ဘယ်​လောက်ထိလုပ်နိုင်မယ်လို့​ကော ​မျှော်လင့်​လဲ။

“အခု သူတို့​လုပ်တဲ့​ဥပ​ဒေက စက်ရုံအလုပ်ရုံ​တွေ အလုပ်ဌာန​တွေမှာ​တော့​ အလုပ်သမား​ အဖွဲ့​တွေ ဖွဲ့​ခွင့်​ရှိပြီ။ ဒါ​ပေမယ့်​ တခုတည်း​ဖွဲ့​ရမှာ​ပေါ့​။ အများ​စုက အလုပ်သမား​အဖွဲ့​ ဖွဲ့​ခွင့်​ရှိပြီ။ အဲဒီ ဖွဲ့​ထား​တဲ့​ အလုပ်သမား​တွေက​နေ အလုပ်သမား​ အခွင့်​အ​ရေး​တွေကို ​ပြောဆိုပိုင်ခွင့်​ရှိပြီ။ ဘယ်လို​ဖြေရှင်း​မယ်ဆိုတာကို တိတိကျကျ ​ဖော်ပြထား​တာ​တော့​ မရှိဘူး​။ ​ပြောဆိုနိုင်ခွင့်​ ရှိတယ်ဆိုတာ​တော့​ ရှိတယ်။ အဲဒီဟာ​တွေနဲ့​ ပတ်သက်လို့​ အလုပ်သမား​တွေနဲ့​ ပတ်သက်လို့​ အလုပ်သမား​ဆိုတဲ့​ ​နေရာမှာ အလုပ်သမား​ဆိုတာ ​ပေါင်း​စုံရှိတယ်မဟုတ်လား​။ ဝန်ထမ်း​တွေလည်း​ ပါတယ်။ အဲဒီလို အလုပ်သမား​တွေရဲ့​ ရပိုင်ခွင့်​ဆိုတဲ့​ ဥပ​ဒေ​တွေက အများ​ကြီး​ရှိတယ်။ ဥပ​ဒေ​တွေကို ပြဋ္ဌာန်း​ပေး​ရဦး​မယ်။ ပြဋ္ဌာန်း​ပေး​မှ အဲဒီအလုပ်သမား​တွေက ဥပ​ဒေအတိုင်း​ အလုပ်ရှင်​ရော၊​ အလုပ်သမား​ရော လိုက်နာ​ဆောင်ရွက်ရမယ့်​ ပြဿနာဖြစ်​နေတယ်။ အ​ခြေခံဥပ​ဒေအတိုင်း​ အလုပ်သမား​ဖွဲ့​စည်း​ပိုင်ခွင့်​ ရှိတယ်။ အလုပ်သမား​တွေ စု​ပေါင်း​ပြီး​တော့​ အလုပ်သမား​ အဖွဲ့​ချုပ်ဆိုတဲ့​ အဖွဲ့​ကြီး​ကို ဖွဲ့​စည်း​ပိုင်ခွင့်​ရှိတယ်။ အိုင်အယ်အိုနဲ့​လဲ ဆက်သွယ်ပိုင်ခွင့်​ရှိတယ်။ အဲဒီ့​အခွင့်​အ​ရေး​လေး​တွေ​တော့​ အဲဒီဥပ​ဒေထဲမှာ အခုလွှတ်​တော်က အတည်ပြုလိုက်တဲ့​ ဥပ​ဒေထဲမှာပါတယ်။ ပါ​ပေမယ့်​ အဲဒါ​တွေကို အ​ကောင်အထည်​ဖော်တဲ့​အခါမှာ ဘယ်လိုစလုပ်ရမယ်ဆိုတာကို​တော့​ နည်း​ဥပ​ဒေအ​နေနဲ့​ ထွက်လာမယ်လို့​ ကျ​နော်ထင်တာပဲ။”

၁၉၅၃ ခု ပတ်ဝန်း​ကျင်က အလုပ်သမား​အဖွဲ့​ချုပ်မှာ လုပ်ခဲ့​တဲ့​အခါကျ​တော့​ လက်ရှိ​ပေါ့​၊​ အရင်ဦး​နေဝင်း​ခေတ် အ​ခြေအ​နေနဲ့​ အခု အစိုး​ရသစ်လက်ထက်မှာ ဒီအလုပ်သမား​အဖွဲ့​တွေ ဖွဲ့​စည်း​ပိုင်ခွင့်​တွေ ရှိလာပြီဆိုတဲ့​အခါကျ​တော့​ ဘယိလိုအ​နေအထား​တွေ ရှိမလဲ။

“​တော်လှန်​ရေး​အစိုး​ရ မတက်ခင်တုန်း​က ဒီမိုက​ရေစီ အစိုး​ရလက်ထက်တုန်း​က ရှိတဲ့​ဥပ​ဒေ​တွေနဲ့​ လုပ်ခဲ့​တဲ့​အ​ခြေအ​နေနဲ့​က​တော့​ အများ​ကြီး​ကွာသွား​တယ်။ ဟိုတုန်း​က လွတ်လပ်စွာ ဖွဲ့​စည်း​ခွင့်​ရှိတယ်။ အလုပ်ရှင်အလုပ်သမား​ လွတ်လွတ်လပ်လပ် ​ဖြေရှင်း​ခွင့်​ရှိတယ်။ ​နောက်ပြီး​ စည်း​ရုံး​ခွင့်​ရှိတယ်။ ​နောက်ပြီး​ လုပ်ပိုင်ခွင့်​တွေ အများ​ကြီး​ပေး​ထား​တဲ့​ ဥပ​ဒေ ၁၃ခု​လောက်ရှိတယ်။ အဲဒီဥပ​ဒေအရ လုပ်ခဲ့​လို့​ရှိရင် အဲဒီတုန်း​က ​တော်​တော်ကို လွတ်လွတ်လပ်လပ်နဲ့​ ​တော်​တော်ကို အလုပ်သမား​တွေရဲ့​ အခွင့်​အ​ရေး​တွေကို ​ပြောလို့​ဆိုလို့​ လုပ်လို့​ကိုင်လို့​ ရခဲ့​တယ်။ ဥပ​ဒေအရ ပြဋ္ဌာန်း​ပြီး​တော့​ လုပ်ခဲ့​တာ​တွေ ရှိတဲ့​အတွက် အဲဒီတုန်း​က အ​ခြေအ​နေနဲ့​ အခု​တော်လှန်​ရေး​အစိုး​ရ တက်တဲ့​အ​ခြေအ​နေက အဲဒါ​တွေကို ပယ်ဖျက်ပြီး​တော့​ အလုပ်ရှင် အလုပ်သမား​ဆိုတာ မရှိ​တော့​ဘူး​။ အလုပ်ရှင်က အစိုး​ရပဲ။ အလုပ်သမား​က အလုပ်သမား​ပဲ။ အလုပ်ရှင်က မရှိဘူး​။ ဒါက​တော်လှန်​ရေး​ အစိုး​ရလက်ထက်က၊​ အခုအစိုး​ရ လက်ထက်ကျ​တော့​လည်း​ ဒီတိုင်း​ပဲ။ အလုပ်ရှင်ဆိုတာ အစိုး​ရပဲ၊​ အလုပ်သမား​က အလုပ်သမား​။ အလုပ်ရှင်က အစိုး​ရဆို​တော့​ အလုပ်သမား​ရယ်၊​ အလုပ်ရှင်ရယ်၊​ အစိုး​ရရယ် သုံး​ဦး​ပေါင်း​ပြီး​ ​ဆွေး​နွေး​ရမယ်ဆိုရမယ့်​ ကိစ္စက မရှိ​တော့​ဘူး​။ မရှိ​တော့​ အဲဒီမှာ ပြဿနာက ​ဖြေရှင်း​လို့​မရဘူး​။ အဲ​တော့​ စည်း​ရုံး​လို့​လည်း​ မရဘူး​။ ဒီအ​ခြေအ​နေ အခက်အခဲ​တွေက ဗမာပြည်မှာ အများ​ကြီး​ ခံ​နေရတာ​ပေါ့​။ အလုပ်ရှင်နဲ့​ အလုပ်သမား​က အချိန်ပို ခိုင်း​ချင်သလိုခိုင်း​မယ်။ လုပ်ခ​တွေ ​ပေး​ချင်သလို ​ပေး​မယ်။ အဲဒါ​တွေကို ​ပြောဖို့​ဆိုဖို့​ ​ပြော​ရေး​ဆိုခွင့်​လည်း​ မရှိဘူး​။ ​ပြောလို့​ဆိုလို့​ ရှိပြန်ရင်လည်း​ အစိုး​ရက​နေ ဝင်ပြီး​တော့​ ဘာမလုပ်ရဘူး​။ ညာမလုပ်ရဘူး​။ တား​တယ်၊​ ဆီး​တယ်၊​ ပိတ်တယ်။ အဲဒါ​တွေနဲ့​ အလုပ်သမား​ အခွင့်​အ​ရေး​တွေက ဆုံး​ရှုံး​နစ်နာတာ​တွေ ဖြစ်တာ​ပေါ့​။ အခု ဥပ​ဒေနဲ့​ ထွက်​ပေး​လိုက်​တော့​ ဖွဲ့​စည်း​ခွင့်​ရှိတယ်။ ​ပြောခွင့်​ရှိလာတယ်။ ဆိုတာ​လေး​တော့​ နည်း​နည်း​ ​ရောင်ခြည်သန်း​လာတဲ့​ သ​ဘောရှိတာ​ပေါ့​။ ပြီး​တော့​ လုပ်နိုင်မယ်ဆိုတာ​တော့​ လက်​တွေ့​ဖွဲ့​စည်း​ပြီး​တော့​ လုပ်ကြည့်​မှသိမယ်။”

အစိုး​ရဘက်က​ကော ဘယ်​လောက်ထိ အလုပ်သမား​ အဖွဲ့​အစည်း​တွေကို စွက်ဖက်​နေမလဲ။ လွှမ်း​မိုး​နေမလဲ။ တကယ်လို့​ အစိုး​ရက လွှမ်း​မိုး​နေမယ်ဆိုရင်​ရော အလုပ်သမား​ အဖွဲ့​တွေက သူတို့​လွတ်လွတ်လပ်လပ် လုပ်နိုင်ပါ့​မလား​။ ဘယ်လိုမြင်ပါသလဲ။

“အခု အစိုး​ရအ​နေနဲ့​က သူက လွတ်လပ်တဲ့​စီး​ပွား​ရေး​ လုပ်ပိုင်ခွင့်​ဆိုတာ ရှိ​နေ​တော့​ အလုပ်ရှင်အ​နေနဲ့​တော့​ သူ့​ဟာသူ ရှိ​နေတယ်။ အစိုး​ရကလည်း​ ရှိတယ်။ အလုပ်ရှင်​တွေကလည်း​ စက်ရုံအလုပ်ရုံ​တွေ၊​ အလုပ်ဌာန​တွေ ရှိတယ်၊​ အလုပ်သမား​တွေလည်း​ ရှိတယ်။ သုံး​ဦး​ သုံး​ဖလှယ် ​ဆွေး​နွေး​နိုင်တဲ့​ အ​ခြေအ​နေ​တော့​ ​ပေါ်လာ​နေပြီ။ ​ပေါ်လာ​နေတဲ့​အတွက် ဥပ​ဒေထဲမှာ အလုပ်သမား​ အလုပ်ရှင် ​ဖြေရှင်း​ရေး​ ဥပ​ဒေဆိုတဲ့​ဟာကို မူတည်ပြီး​တော့​ ​ဖြေရှင်း​တာ​တွေကို လုပ်ရမယ့်​သ​ဘော ဖြစ်ပါတယ်။ အလုပ်သမား​က ညီညွတ်ဖို့​ အ​ရေး​ကြီး​တယ်။ ညီညီညွတ်ညွတ်နဲ့​ လုပ်မယ်ဆိုရင်​တော့​ အလုပ်ရှင်နဲ့​ အလုပ်သမား​ဖြစ်တဲ့​ ပဋိပက္ခ ပြဿနာကို အစိုး​ရက ​ဖြေရှင်း​ရမယ့်​ ​နေရာမှာ တဖက်က အလုပ်ရှင်ဘက်ကလိုက်ရင်လည်း​ အလုပ်သမား​က လက်မခံ၊​ အလုပ်သမား​ဘက်က လိုက်ရင်လည်း​ အလုပ်ရှင်က မခံဘူး​ဆိုတဲ့​ ပြဿနာ​ပေါ်လာတယ်။ ​ပေါ်လာ​တော့​ နှစ် ဦး​ နှစ်ဖက် ​ပြေလည်​အောင် ​ဖြေရှင်း​ဆောင်ရွက်​ပေး​မှာ​ပေါ့​။ လက်ရှိနိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​ အ​ခြေအ​နေအရ ​ငွေ​ရေး​ကြေး​ရေး​ အ​ခြေအ​နေအရ ​ဖြေရှင်း​ရမယ့်​ ပြဿနာ​တွေပါ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013