DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် လုပ်ဖော်ကိုင်ဘက်ကို ဓားဖြင့်ထိုးပြီး ထွက်ပြေးနေသည့် မြန်မာတဦးကို ရဲရှာဖွေနေ
DVB
·
December 28, 2016
မလေးရှားတွင် လုပ်ဖော်ကိုင်ဘက်ကို ဓားဖြင့်ထိုးပြီး ထွက်ပြေးနေသည့် မြန်မာတဦးကို ရဲရှာဖွေနေ
Donate to DVB

မလေးရှားနိုင်ငံမှာ လုပ်ဖော်ကိုင်ဘက်ချင်း ဓားနဲ့ထိုးပြီး ထွက်ပြေးနေတဲ့ မြန်မာနိုင်ငံသားတဦးကို ရဲက ရှာဖွေနေတယ်လို့ မလေးရှားနိုင်ငံအခြေစိုက် နယူးစ်စထရိတ်တိုင်းမ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ ဒီဇင်ဘာ ၂၇ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ကမ်ပန်ဘူကစ် တော့ခ်ဘမ်အရပ်က နေအိမ်တခုတွင်းမှာ ဖြစ်ခဲ့တာပါ။

အဲဒီ မြန်မာနိုင်ငံသား အမျိုးသား ၂ ဦးဟာ နေအိမ်မှာ လုံးထွေးသတ်ပုတ်နေခဲ့ကြတာကို ကျောင်းသားကလေးငယ်တဦးက မြင်ခဲ့တာဖြစ်ပြီး အခုထွက်ပြေးနေတဲ့ အမျိုးသားက နောက်တဦးရဲ့ ဝမ်းဗိုက်ကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။

ခရိုင်ဒုတိယရဲချုပ် အိုင်းဒရစ်စ် အက်ဗဒူလ်ရာဖာက ဓားထိုးခံရပြီး ထိခိုက်ဒဏ်ရာရရှိထားသူဟာ အလုပ်ကြမ်းသမားတဦးဖြစ်ပြီး သူ့ကို လက်ရှိမှာတော့ ဆူလ်တနာ နာဇဟီရက်ဆေးရုံကို ပို့ဆောင်ထားခဲ့တယ်လို့ ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာကနေ ဆိုင်ကယ်နဲ့ ထွက်ခွာသွားတယ်လို့ ယူဆရတဲ့ သံသယရှိသူ မြန်မာအမျိုးသားကိုတော့ ရဲတွေက လိုက်လံရှာဖွေနေကြပြီး သံသယဖြစ်စရာ သဲလွန်စ တစုံတရာရှိခဲ့ရင် နီးစပ်ရာရဲစခန်းတွေ၊ ဒါမှမဟုတ် ရဲစခန်းဖုန်းနံပါတ် ၀၁၆-၅၇၈၂၀၇၉ ကို ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013