DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်၊ ရွာသား ၃ ဦးသေ၊ သံဃာ ၃ ပါးဒဏ်ရာရ
DVB
·
December 27, 2016
ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်၊ ရွာသား ၃ ဦးသေ၊ သံဃာ ၃ ပါးဒဏ်ရာရ
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာထဲမှာ မနေ့က မြန်မာ့တပ်မတော်နဲ့ တီအဲန်အယ်လ်အေ တအာင်းပလောင်တပ်ဖွဲ့တွေကြားတိုက်ပွဲဖြစ်ပြီး အနီးနားက ရွာသားတွေ လက်နက်ကြီး ထိမှန်သေဆုံးဒဏ်ရာရသွားပါတယ်။

လက်နက်ကြီးကျည်တွေဟာ ညောင်မောင်းရွာက အိမ်တစ်လုံးပေါ် အဓိကကျရောက်ခဲ့ပြီး အိ မ်ထဲက မိသားစုဝင် ၃ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရပြီး နေအိမ်လည်း ပျက်စီးသွားခဲ့တယ်လို့ သေဆုံးဒဏ်ရာရသူတွေကို ကူညီနေတဲ့ ကျေက်မဲမြို့နယ် ပြည်နယ်လွှတ်တော်အမတ်  စိုင်းထွန်းဉာဏ် က ဒီဗွီဘီကို ပြောပါတယ်။     

“မနေ့က မြန်မာ့တပ်မတော်နဲ့ တီအန်အယ်လ်အေတို့ တိုက်ပွဲဖြစ်ကြတယ်။ တီအန်အယ်လ်အေက လွိုင်ရင်တောင်ပေါ်မှာ နေရာယူထားတော့ တပ်မတော်ကမြေပြင်ကနေတိုက်လို့ မရနိုင်ဘူး။ ညနေ ၄ နာရီကျော်လောက်မှာတော့ လေယာဉ် ၂ စီးရောက်လာပြီး ဝေဟင်ပေါ်ကနေ ပစ်ချတယ်။ အဲဒီမှာ ညောင်မောင်းရွာထဲကို ကျပြီး လူနေအိမ်ရော ဘုန်းကြီးကျောင်းတွေပါ ထိကုန်တာ၊ အဓိက ကျလာ တာက လုံးစိတ္တတို့အိမ်ပေါ့။ လက်နက်ကျည် ၁၃ လုံးကျတယ်၊ အဲဒီမှာ လုံးစိတ္တရော သူ့သား နဲ့ သူ့မြေးပါ ပွဲချင်းပြီးသေတယ်။ နောက်ပြီး အဲဒီအိမ်ထဲကဘဲ မိသားစုဝင် ၂ ဦး ဒဏ်ရာရတယ်။ သူတို့အိမ်က နွား ၂ ကောင်လည်း သေသွားတယ်၊ နောက်တခြား ရွာသား ၃ ယောက် နဲ့ သံဃာ ၃ ပါးထိတယ်၊  သူတို့ထဲက ရွာသား ၅ ယောက် သံဃာ တစ်ပါးကို ဆေးရုံတင်ထားရတယ်။”

အခြားအိမ်နဲ့ ဘုန်းကြီးကျောင်းလည်း ထိခိုက်မှုရှိတယ်လို့ ကနဦးသတင်းရပေမယ့် ပျက်စီးမှု အခြေအနေ အတိအကျမသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

ဒီကနေ့မှာ တိုက်ပွဲတွေ ငြိမ်သွားပေမယ့်လည်း ရွာသားတွေ မနေရဲတော့လို့ တခြားကို ထွင်ပြေးတိမ်းရှောင်နေပြီး လူမှုကူညီရေးအဖွဲ့တွေကလည်း ကားနဲ့ သွားကြိုနေကြတယ်လို့  ဆိုပါတယ်။

နယ်မြေထဲမှာ အခုလိုတိုက်ပွဲတွေဖြစ်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ ကူညီနေရတာနဲ့ဘဲ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ မလုပ်ဆောင်နိုင်လောက်အောင် နှောင့်နှေးနေလို့ တိုက်ပွဲတွေ အမြန်ရပ်စေချင်တယ်လို့ စိုင်းထွန်း၏ဉာဏ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013