DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့နယ် ဘဒကားကျေးရွာ ဆယ်အိမ်မှူးဟောင်းသေဆုံး
DVB
·
December 27, 2016
မောင်တောမြို့နယ် ဘဒကားကျေးရွာ ဆယ်အိမ်မှူးဟောင်းသေဆုံး
Donate to DVB

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ၀က်ကျိန်းကျေးရွာနဲ့ ဘဒကားကျေးရွာကြားရှိ ပြူးမချောင်းဘေး မြေနုကျွန်းမှာ ကျေးရွာဆယ်အိမ်မှူးဟောင်းတဦးရဲ့ အလောင်း ၁ လောင်း တွေ့ရှိခဲ့တယ်လို့   နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက် ညနေ ၆ နာရီလောက်  ပြူးမချောင်းဘေး မြေနုကျွန်းမှာ ရွှံ့ပေကျံနေတဲ့ အလောင်း ၁ လောင်း တွေ့ရှိခဲ့တဲ့အတွက်  နယ်မြေရဲစခန်းမှူးနဲ့အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ၀က်ကျိန်း(မြောက်)ရွာနေ ဆီရာဇူဟွတ်ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူ ဆီရာဇူဟွတ်ဟာ ဘဒကားကျေးရွာ ဆယ်အိမ်မှူးဟောင်းဖြစ်ပြီး  ဖွံ့ဖြိုးရေးလုပ်ငန်း တွေကို ဒေသတာဝန်ရှိအဖွဲ့အစည်းတွေနဲ့ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်တဲ့အကြောင်း ဒီဇင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းမှစပြီး နေအိမ်မှ ပျောက်ဆုံးနေတာဖြစ်တယ်လို့  သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်ကလည်း မောင်တောမြို့နယ်မှာ ရေတွင်းကျွန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးစာရေး ရော်ဖီအသတ်ခံခဲ့ရပြီး  ဒီဇင်ဘာ ၂၁ ရက်ကလည်း ပြည်တွင်းပြည်ပ မီဒီယာတွေကိုတွေ့ဆုံပြောခဲ့တဲ့ ငါးခူးရကျေးရွာ စာကြည့်တိုက်မှူး ဒုစ်မာမတ် (ခ) ရှူနာမျာ ခေါင်းဖြတ်အသတ်ခံရခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013