DVB Logo
Home
မြန်မာသတင်း
လူသတ်ဝရမ်းပြေး ထိုင်းဆရာဝန်ကို မော်လမြိုင်တရားရုံးတွင် စစ်ဆေးစီရင်မည်
DVB
·
December 26, 2016
လူသတ်ဝရမ်းပြေး ထိုင်းဆရာဝန်ကို မော်လမြိုင်တရားရုံးတွင် စစ်ဆေးစီရင်မည်
Donate to DVB

 

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ပြီးခဲ့တဲ့ အပတ်က ဖမ်းဆီးရမိခဲ့တဲ့ ထိုင်းနိုင်ငံသား လူသတ်ဝရမ်းပြေး ရဲဆရာဝန် ဒေါက်တာဆူဖတ်ကို လာမယ့်ရက်ပိုင်းအတွင်း မော်လမြိုင်ခရိုင်တရားရုံးမှာ ရုံးတင် စစ်ဆေးတော့မယ်လို့  မြ၀တီမြို့နယ် အာဏာပိုင်တစ်ဦးရဲ့အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မြ၀တီမြို့နယ် ထိုင်းမြန်မာဘာသာပြန်အရာရှိ ဦးနိုင်ဝင်းရဲ့ ပြောကြားချက်အရ ဒေါက်တာဆူဖတ် လောဝ်၀ပ်ထနကို ပြန်လည်အပ်နှံဖို့    ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ကမ်းလှမ်းထားပေမယ့်လည်း သူဟာ မြန်မာနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်မှု၊ မြန်မာနိုင်ငံသားမှတ်ပုံတင်အတု ကိုင်ဆောင်မှု စတဲ့ လ၀ကဥပဒေနဲ့ ညှိစွန်းနေတာကြောင့် လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကျရင် မော်လမြိုင်ခရိုင် တရားရုံးမှာ အမှုရင်ဆိုင်ရအုံးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တရားရုံးက အမိန့်ချပြီးတဲ့အခါမှ ၁ လ မှ ၃ လ အတွင်း ထိုင်းရဲတပ်ဖွဲ့ကို  နေပြည်တော် အစိုးရအနေနဲ့  တိုက်ရိုက်အပ်နှံပေး မှာဖြစ်တယ်လို့  ဦးနိုင်ဝင်းက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီမှ မွန်ပြည်နယ်ရဲတပ်ဖွဲ့ နဲ့ လ၀ကဌာနကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားေ ပမယ့် မရသေးပါဘူး။

ဒေါက်တာဆူဖတ်ဟာ ဖစ်ခ်ျပူရီခရိုင်ရှိ သူ့ရဲ့နာနတ်သီးခြံမှာ အလုပ်လုပ်တဲ့ မြန်မာအလုပ်သမား အိန္ဒကို တတိယမြောက်ဇနီးဖြစ်သူနဲ့ သ၀န်တိုပြီး  သေနတ်နဲ့ ပစ်သတ်ကာ အလောင်းကို အဲဒီခြံထဲ မှာဘဲ မြှုပ်နှံခဲ့တာဖြစ်ပါတယ်။

အလားတူထိုင်းလင်မယား ၂ ဦးကိုလည်း အဲဒီခြံထဲမှာဘဲ အစဖျောက်ထားပြီး ၃ နှစ်ကြာတဲ့အခါ သူတို့ မိဘဆွေမျိဲးတွေက ပျောက်ဆုံးနေတဲ့ သားနဲ့ချွေးမတို့ရဲ့ မော်တော်ကားကို ဘန်ကောက်ရှိ ဒေါက်တာ ဆူဖတ်ရဲ့ အိမ်ဟောင်းတလုံးမှာ ပြန်တွေ့ကြောင်း ရဲကိုအကြောင်းကြားတဲ့အတွက် ရဲတပ်ဖွဲ့က အမှု မှန်စုံစမ်းဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။

ဒီအမှုမှာ ဖစ်ခ်ျပူရီခရိုင်တရားရုံးက ပြီးခဲ့တဲ့ ၂၀၁၅ နှစ်ဆန်းပိုင်းက  ဒေါက်တာဆူဖတ်ကို သေဒဏ်၊ အလိုတူပါဝင်တဲ့ သား ၂ ဦးနဲ့ တတိယဇနီးတို့ကို ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပါတယ်။

သူရဲ့ တတိယဇနီးကတော့  ဒေါက်တာဆူဖတ်ကို မော်လမြိုင်မှာဖမ်းမိခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်ေ န့မှာဘဲ ထိုင်းနိုင်ငံ ဒဿ မမြောက် ဘုရင်ရဲ့ လွတ်ခြမ်းချမ်းသာခွင့်ပေးခံရသူတွေ စာရင်းထဲမှာပါလာပြီး ထောင်ကလွတ်လာခဲ့ပါတယ်။

ကိုးကား - ထိုင်းရတ်သတင်း  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013