DVB Logo
Home
မြန်မာသတင်း
အရွယ်မရောက်သေးသည့် ကလေးခိုးယူမှု မုံရွာမြို့နယ်တွင် ဖြစ်ပွား
DVB
·
December 26, 2016
အရွယ်မရောက်သေးသည့် ကလေးခိုးယူမှု မုံရွာမြို့နယ်တွင် ဖြစ်ပွား
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းက ၂၀၁၆ ခုနှစ်အတွင်း အရွယ်မရောက်သေးတဲ့ ကလေးသူငယ်ခိုးယူမှု ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ပါတယ်။

မုံရွာမြို့၊ ရုံးကြီးရပ်ကွက်အတွင်း ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက်က သားဖြစ်သူ မောင်သုခအောင်ကို မတွေ့လို့မေးရာမှ ကလေးပျောက်ဆုံးနေကြောင်း သိပြီးလိုက်ရှာရာ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတဦးမှ အသက် ၄ နှစ်အရွယ် ယောက်ျားလေးတယောက်ကို လက်ဆွဲပြီး ခေါ်ယူသွားတာကို ပတ်ဝန်းကျင်က တွေ့မြင်ကြောင်း သိရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးနှင့် ရပ်ကွက်နေပြည်သူများက မုံရွာမြို့တွင်း လိုက်ရှာဖွေရာ မုံရွာမြို့၊ ကမ်းနားလမ်း ရွှေနဒီအမြန်ရေယာဉ်ဂိတ်အနီး ပျောက်ဆုံးသွားတဲ့ မောင်သုခအောင်အား မမိုးမိုးခိုင် ဆိုသူက လက်ဆွဲလျက် တွေ့ရှိခဲ့ပါတယ်။

မိဘဖြစ်သူမှ ကလေးအား ပြန်ခေါ်ရာ မိုးမိုးခိုင် ဆိုသူက ‘ဓားပါတယ်၊ မကပ်နဲ့’ဆိုပြီး ခြိမ်းခြောက်လို့ လုံးထွေးပြီး ကလေးကိုပြန်ခေါ်ခဲ့ကာ ကလေးခိုးသူ မမိုးမိုးခိုင်ကိုတော့ သက်ဆိုင်ရာရဲစခန်းကို ဖမ်းဆီးအပ်နှံခဲ့ပြီး ကလေးခိုးမှုဖြင့် အမှုဖွင့်ခဲ့ပါတယ်။

မမိုးမိုးခိုင်က မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ နယ်မြေ ၇ မှာ ဆံပင်ကျွတ်ဖွလုပ်ငန်း လုပ်ကိုင်သူလို့ စစ်ဆေးတွေ့ရှိရပြီး ကလေးခိုးယူမှုဖြင့် မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၃ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။

ယခုလို အရွယ်မရောက်သေးတဲ့ ကလေးသူငယ်ခိုးယူမှုက မုံရွာမြို့မှာ အရင်က ကောလာဟလသာ ဖြစ်ပေါ်ခဲ့ပြီး ယခုမှ ပထမဆုံးအကြိမ် ဖြစ်ပေါ်လာတာလို့ မြို့မစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်က ပြောပါတယ်။

ကလေးခိုးယူတာတွေနဲ့ပတ်သက်ပြီး မိဘတွေအနေနဲ့ ကလေးတွေကို ဂရုတစိုက်စောင့်ရှောက်သင့်တယ်လို့လည်း ဆိုပါတယ်။

သတင်း - အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013