DVB Logo
Home
မြန်မာသတင်း
အစိုး​ရဖွံ့​ဖြိုး​ရေး​ စီမံကိန်း​ကြောင့်​ ပ​လောင်​ဒေသခံများ​ ​မြေယာဆုံး​ရှုံး
DVB
·
November 22, 2011
အစိုး​ရဖွံ့​ဖြိုး​ရေး​ စီမံကိန်း​ကြောင့်​ ပ​လောင်​ဒေသခံများ​ ​မြေယာဆုံး​ရှုံး
Donate to DVB

အစိုး​ရနဲ့​ ကုမ္ပဏီ​တွေရဲ့​ စီမံကိန်း​တွေ​ကြောင့်​ ရှမ်း​ပြည်နယ်က ပ​လောင်​ဒေသခံတို့​ရဲ့​ ခြံ​မြေ​တွေ အသိမ်း​ခံရပြီး​ အသက်​မွေး​ဝမ်း​ကျောင်း​အလုပ်​တွေ ဆုံး​ရှုံး​နေတယ်လို့​ တအာန်း​ကျောင်း​သား​နဲ့​ လူငယ်အစည်း​အရုံး​က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

အစိုး​ရရဲ့​ ဖွံ့​ဖြိုး​ရေး​ စီမံကိန်း​တွေ​ကြောင့်​ ထိခိုက်နစ်နာခဲ့​ရတဲ့​ ​ဒေသခံ ပ​လောင်​တောင်သူ​တွေနဲ့​ ​တွေ့​ဆုံ​မေး​မြန်း​ပြီး​ အစီရင်ခံစာ ထုတ်ပြန်ထား​တာပါ။

အစီရင်ခံစာထုတ်ပြန်ရတာနဲ့​ပတ်သက်ပြီး​ တအာန်း​ကျောင်း​သား​နဲ့​ လူငယ်အစည်း​အရုံး​အဖွဲ့​ဝင် မိုင်ပန်လက ခုလို​ပြောပါတယ်။

“ကျ​နော်တို့​ဆီမှာ လယ်ယာ​မြေသိမ်း​ဆည်း​မှု အပါအဝင် လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ အများ​အပြား​ဖြစ်​နေတယ်။ အဲဒါကိုလည်း​ သွား​ရောက်ပြီး​တော့​ ကြည့်​ရှုသူမရှိဘူး​။ သူတို့​ဟာ ဥ​ပေက္ခာပြုခံ​နေရတယ်။ အဲဒါကို ကျ​နော်တို့​က သူတို့​အသံကို ကိုယ်စား​ပြုပြီး​တော့​ ​ဖော်ထုတ်တာဖြစ်တယ်။”

အစိုး​ရက တရုတ်ကုမ္ပဏီ​တွေနဲ့​ ပူး​ပေါင်း​ပြီး​ လက်ရှိ​ဆောင်ရွက်​နေတဲ့​ ​ရွှေလီမြစ်​ပေါ်က ​ရေကာတာစီမံကိန်း​၊​ ရှမ်း​ပြည်နယ်ကိုဖြတ်ပြီး​ဖောက်လုပ်​နေတဲ့​ ​ရွှေသဘာဝ ဓာတ်​ငွေ့​ပိုက်လိုင်း​စီမံကိန်း​နဲ့​ တရုတ် - မြန်မာ ရထား​လမ်း​ စီမံကိန်း​တွေအပြင် ကြက်ဆူပင် စိုက်ပျိုး​ရေး​စီမံကိန်း​နဲ့​ လမ်း​တိုး​ချဲ့​ဆောက်လုပ်တာ၊​ စစ်တပ်စခန်း​ တည်​ဆောက်တာ​တွေ​ကြောင့်​ ပ​လောင်တိုင်း​ရင်း​သား​တို့​ရဲ့​ လယ်ယာခြံ​မြေ​တွေ ဧက​ပေါင်း​ ၄​သောင်း​၂​ထောင်​ကျော် အသိမ်း​ခံခဲ့​ရတယ်လို့​ ပ​လောင်​ကျောင်း​သား​အဖွဲ့​က ​ပြောပါတယ်။

ဒီစီမံကိန်း​တွေ​ကြောင့်​ ထိခိုက်နစ်နာခဲ့​ရတဲ့​ မိသား​စု​ပေါင်း​ ၈၅၀၀ ​ကျော် ရှိတယ်လို့​လည်း​ ဆိုပါတယ်။

တအာင်း​ကျောင်း​သား​နဲ့​လူငယ်များ​အစည်း​အရုံး​က ဒီအချက်အလက်​တွေ သိရဖို့​ရှမ်း​ပြည်နယ် မူဆယ်၊​ နမ့်​ခမ်း​၊​ ​ကျောက်မဲ၊​ သီ​ပေါ၊​ နမ့်​ဆန်၊​ ကွတ်ခိုင်၊​ နမ့်​တူ၊​ မန်တုံ၊​ သိန္နီ၊​ လား​ရှိုး​ စတဲ့​မြို့​နယ်​ပေါင်း​ ၁ဝမြို့​နယ်​ဒေသခံ ၅ဝဦး​ကို ​တွေ့​ဆုံ​မေး​မြန်း​ခဲ့​တာဖြစ်ပါတယ်။

အသိမ်း​ခံရတဲ့​မြေ​တွေအများ​စုက မိရိုး​ဖလာပိုင် လက်ဖက်ခြံ​တွေ၊​ သီး​နှံစိုက်ပျိုး​နိုင်တဲ့​ ​မြေ​တွေဖြစ်ပြီး​ ပြန်ရတဲ့​ ​လျော်​ကြေး​က ရင်း​နှီး​လုပ်စား​ဖို့​ မ​လောက်တဲ့​အတွက် ​တောင်သူ​တွေဟာ တခြား​ဒေသ​တွေမှာ သွား​ရောက်အလုပ်လုပ်​နေရတယ်လို့​ နမ့်​တူ ​ဒေသခံတဦး​က ​ပြောပါတယ်။

“ကျ​နော်တို့​က အစတုန်း​က မသိလိုက်ဘူး​။ အလံလာစိုက်သွား​တယ်။ အစိုး​နဲ့​ တရုတ်​လောပန်း​တွေက၊​ သိမ်း​ပြီး​တဲ့​နောက်ပိုင်း​မှာ ကျ​နော်တို့​ ​တောထဲအ​ဝေး​ကြီး​ သွား​လုပ်ရတာ​ပေါ့​။ ဒုက္ခ​တော့​ အများ​ကြီး​ရောက်တယ်။ ​ရေနဲ့​လည်း​ဝေး​တယ်။ ပြီး​တော့​ ဖျား​နာတဲ့​အချိန်ဆိုရင်​တော့​ မြို့​နဲ့​လည်း​ဝေး​၊​ ​ဆေး​သွား​ကုမယ်ဆိုရင်လည်း​ အရင်ထက်ပိုပြီး​ ​ဝေး​တာ​ပေါ့​။ ရွာသား​တွေလည်း​ မ​ပြောရဲဘူး​။ ပြီး​တော့​ ကျ​နော်တို့​ ရှိတဲ့​နွား​တွေဘာ​တွေ ဆိုရင်လည်း​ ရာဘာခြံထဲဝင်တယ်ဆိုပြီး​ ​လျော်​ကြေး​တွေဘာ​တွေ ​ပေး​လိုက်ရ​သေး​တယ်။”

အစိုး​ရအ​နေနဲ့​ ​မြေယာသိမ်း​မှု​တွေ ရပ်ဆိုင်း​ပေး​ဖို့​၊​ ထိုက်သင့်​တဲ့​ ​လျော်​ကြေး​ပြန်​ပေး​ဖို့​ ဖွံ့​ဖြိုး​ရေး​စီမံကိန်း​လုပ်မယ်ဆိုရင် ​ဒေသခံပြည်သူ​တွေနဲ့​ ​ဆွေး​နွေး​တိုင်ပင်ဖို့​ ပွင့်​လင်း​မြင်သာရှိဖို့​ နိုင်ငံတကာ လူ့​အခွင့်​အ​ရေး​စံနှုန်း​တွေကို လိုက်နာဖို့​ တအာန်း​ကျောင်း​သား​နဲ့​ လူငယ်အစည်း​အရုံး​က ​တောင်း​ဆိုထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013