DVB Logo
Home
မြန်မာသတင်း
၂၀၁၇ ကြားဖြတ်​​ရွေး​ကောက်​ပွဲ အများယုံကြည်​လက်​ခံအောင် ဆောင်ရွက်ရန်တိုက်တွန်း
DVB
·
December 26, 2016
၂၀၁၇ ကြားဖြတ်​​ရွေး​ကောက်​ပွဲ အများယုံကြည်​လက်​ခံအောင် ဆောင်ရွက်ရန်တိုက်တွန်း
Donate to DVB

 

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို အများပြည်သူ ယုံကြည်လက်ခံတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ပြီး ၂၀၂၀ ပြည့် အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ကြဖို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်အဖွဲ့ခွဲတွေကို ညွှန်ကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၂၆ ရက် ရန်ကုန်မြို့ ရွှေလီလမ်းမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေတွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာပါ။

“၂၀၁၅ ရွေးကောက်ပွဲမှာ အောင်မြင်အောင် ကျင်းပနိုင်ပေမယ့် အားနည်းချက်တွေ၊ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့တယ်။ အဲဒါတွေကို နမူနာယူပြီးတော့ ၂၀၁၇ မှာ ပြည်သူတွေ လက်ခံယုံကြည်တဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ဆောင်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်ကြပါ”လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောင်ပွဲကို မြို့နယ် ၁၁ မြို့နယ်မှာ ကျင်းပမှာဖြစ်ပြီး အောင်မြင်အောင် ကျင်းပနိုင်ဖို့အတွက် ကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ ပြင်ဆင်ထားဖို့လိုသလို ရွေးကောက်ပွဲ ကျင်းပဖို့ မရှိတဲ့ မြို့နယ်တွေက ကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့လည်း ဝိုင်းဝန်းကူညီဖို့လိုတယ်လို့ ကော်မရှင် ဥက္ကဋ္ဌက ဆိုပါတယ်။

သတင်း - အောင်ဆန်းဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013