DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် အဓမ္မပြုကျင့်ခံရမှုများ ရှိလျှင် တိုင်ကြားနိုင်ဟု အတိုင်ပင်ခံရုံး ထုတ်ပြန်
DVB
·
December 25, 2016
မောင်တောတွင် အဓမ္မပြုကျင့်ခံရမှုများ ရှိလျှင် တိုင်ကြားနိုင်ဟု အတိုင်ပင်ခံရုံး ထုတ်ပြန်
Donate to DVB

မောင်တောဒေသခံတွေအနေနဲ့ အဓမ္မပြုကျင့်ခံရမှုတွေ ရှိပါက တိုင်ကြားနိုင်ကြပြီး ထိထိရောက်ရောက် အကာအကွယ်ပေးသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၃ ရက်က ထုတ်ပြန်ခဲ့တဲ့ သတင်းကြေညာချက်ထဲမှာ မောင်တောခရိုင်အတွင်းရှိ ဒေသခံတွေအနေနဲ့  အဓမ္မပြုကျင့်ခံရမှုများ ရှိပါက ဥပဒေနှင့်အညီ အမှုဖွင့်တိုင်ကြားနိုင်တယ်။

မှန်ကန်မှုရှိပါက တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမှာဖြစ်ပြီး  အမှန်တစ်ကယ် နစ်နာသူများအား ထိထိရောက်ရောက် အကာအကွယ်ပေးသွားမယ်လို့ ဖော်ပြပါတယ်။

ပြည်တွင်းပြည်ပမီဒီယာတွေရဲ့ ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၂ ရက်အထိ မောင်တောခရီးအတွင်း မောင်တော မြို့နယ် ပြောင်ပိုက်ကျေးရွာကို ဒီဇင်ဘာ ၂၁ ရက်က ရောက်ရှိစဉ် ပြောင်ပိုက်ကျေးရွာနေ မဂျာမာလီဟာ ၂၅ နှစ် နဲ့ ငါးစားကြူးကျေးရွာနေ ဒေါ်သန်းသန်း (ခ) မနိုရ်ဂျန် ၃၂ နှစ်တို့ နှစ်ဦးကို တွေ့ဆုံမေးမြန်းရာ မဂျာမာလီဟာက သူ့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဓမ္မပြုကျင့်တယ်လို့ ပြောခဲ့ပါတယ်။

ဒီသတင်းအရ သက်ဆိုင်ရာက မဂျာမာလီဟာကို သွားရောက်စုံစမ်းမေးမြန်းတဲ့အခါ အတွေ့မခံဘဲ ရှောင်နေတဲ့အတွက် သူ့အိမ်နီးချင်းတွေကို မေးမြန်းချက်အရ  အဓမ္မ ပြုကျင့်ခံရတယ်လို့ ကျေးရွာအတွင်း မကြားမိကြောင်း၊ သတင်းထောက်တွေကို မည်သည့်ရည်ရွယ်ချက်ဖြင့် အဓမ္မပြုကျင့်ခံ ရသည်ဟု ပြောကြားသည်ကို မသိရှိကြောင်း ဖြေကြားခဲ့ပါတယ်။

ဒီ ဖြစ်စဉ်နဲ့ပတ်သက်လို့ အတိုင်ပင်ခံရုံးက အဓမ္မပြုကျင့်ခံရမှုများ ရှိရင် တိုင်ကြားနိုင်ကြပြီး ထိထိရောက်ရောက် အကာအကွယ်ပေးသွားမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)၊ ကိုးတန်ကောက်ရဲကင်းစခန်းနှင့် ငါးခူရနယ်မြေရုံး များကို အောက်တိုဘာ ၉ ရက် နံနက်ပိုင်းမှာ အကြမ်းဖက်သမားများက အကြမ်းဖက် စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ကြပြီး တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံး၊လက်နက်မျိုးစုံ ၅၁ လက်နှင့် ကျည်မျိုးစုံ ဆုံးရှုံးခဲ့ရပါတယ်။

မောင်တောအကြမ်းဖက်မှု စတင်ခဲ့တဲ့ အောက်တိုဘာ ၉ ရက်ကနေ ဒီဇင်ဘာ ၁၆ ရက်ထိ နှစ်လခန့်ကာလအတွင်း အဲဒီဒေသမှာ လူ ၇၀ ကျော် သေဆုံးခဲ့ပြီး ၆၀၀ ကျော် ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013