မန်စီးတီးရဲ့ လက်ထောက်နည်းပြ ပက်လင်ဒါးစ်က ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားရဲ့ ၉ နှစ်ကြာ မန်စီးတီးခရီးစဉ်ဟာ ဒီနွေရာသီမှာ အဆုံးသတ်တော့မယ်လို့ အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။
အသက် ၃၁ နှစ်အရွယ် ဆေးလ်ဗားဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိမှာ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နဲ့ အမေရိကန်ကလပ်တွေက စိတ်ဝင်စားနေကြတာပါ။
လင်ဒါးစ်က “ကောင်းမွန်တဲ့ ဇာတ်လမ်းတိုင်းမှာ အဆုံးသတ်ဆိုတာ ရှိစမြဲပါပဲ၊ သူဟာ ထူးခြားတဲ့ ကစားသမားဖြစ်လို့ သူ့နေရာမှာ အစားထိုးဖို့ ခက်ခဲပါလိမ့်မယ်” လို့ ပြောပါတယ်။
ဆေးလ်ဗားဟာ ၂၀၁၇ ခုနှစ်မှာ မိုနာကိုကနေ ရောက်ရှိလာခဲ့ပြီး မန်စီးတီးနဲ့အတူ ဆုဖလား ၁၈ လုံးအထိ ဆွတ်ခူးထားနိုင်ခဲ့သူပါ။
မန်စီးတီးအနေနဲ့ သူ့နေရာမှာ အစားထိုးဖို့ နော်တမ်ဖောရက်စ်က အီလီယော့အန်ဒါဆန်ကို မျက်စိကျနေသလို အကယ်ဒမီကစားသမားတွေကိုလည်း အားကိုးသွားဖို့ ရှိနေပါတယ်။










